Mizzima
မြန်မာနိုင်ငံ၏ လိုအပ်ချက်မြင့်မားလျက်ရှိသော စွမ်းအင်ကဏ္ဍအတွက် ကူညီလုပ်ဆောင်မည့် စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်သော Royal GK ကုမ္ပဏီနှင့် ရန်ပုံငွေဘဏ္ဍာရေးဆိုင်ရာ သဘောတူညီမှုရရှိကြောင်း United Overseas Bank (UOB) က ကြေညာကြောင်း ချန်နယ်နယူးအေရှက ဧပြီ ၂၀ရက်သတင်းဖော်ပြသည်။
အင်ဂျင်နီယာရင်းနှင့် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Royal GK သည် ရန်ကုန်၊ လှည်းကူးတွင် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးတွင် ဓာတ်ငွေ့အင်ဂျင်များ ပို့ဆောင်ပေးရန် မြန်မာဗဟို စွမ်းအင်ကုမ္ပဏီနှင့် သဘောတူစာချုပ်ထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ မြန်မာ့လူဦးရေ ၅၁ သန်းတွင် လေးပုံတစ်ပုံသာ လက်ရှိ၌ လျှပ်စစ်မီး ရရှိသေးကြောင်း သိရသည်။
UOB ဘဏ်မှ အစုအဖွဲ့ မဟာဗျူဟာနှင့် နိုင်ငံတကာစီမံခန့်ခွဲမှု ခေါင်းဆောင် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ အန်းဝေါင်းက "ဘဏ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုများတွင် မိတ်ဖက်ဖြစ်မည့် မြန်မာနိုင်ငံသို့ စီးပွားရေးအရ ချဉ်းကပ်ခြင်းသည် နိုင်ငံတွင် ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုထောက်ပံ့မှုများအတွက် ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် စက်မှုလုပ်ငန်းသစ်များ ဖန်တီးနိုင်ရန်မှာ စွမ်းအင်လိုအပ်ချက်သည် ကနဦးလိုအပ်ချက်ဖြစ်ကြောင်းလည်း သူကပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အကူးအပြောင်းတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထောက်ပံ့ကူညီပေးသည့် Royal GK ကဲ့သို့သော ကုမ္ပဏီများကို ဘဏ္ဍာငွေမတည်ပေးခြင်းများကို ဘဏ်အနေဖြင့် စိတ်အားထက်သန်မှုရှိနေကြောင်း ဆက်လက်ပြောခဲ့သည်။
လှည်းကူးတွင် တည်ဆောက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ယခုနှစ်ဇွန်လတွင် အပြီးသတ်နိုင်မည်မျှော်လင့်ထားပြီး ပြီးစီးပါက တစ်နှစ်လျင် လျှပ်စစ်ဓာတ်အား ၁၇၅၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် မျှော်မှန်းထားသည်။
No comments:
Post a Comment