Friday, April 24, 2015

ဌာနေပြည်သူ့စစ်များ ဦးဆောင်ပြီး သင်္ကြန်ပွဲတော် နေ့များ၌ မူစယ် မြို့တွင် လောင်းကစား ဝိုင်းများ ဖွင့်လှစ်

သျှမ်းသံတော်ဆင့် ၊စိုင်းတိုင်း

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ တွင် ဌာနေ ပြည် သူ့စစ် အဖွဲ့များ ဦးဆောင်ပြီး သင်္ကြန် ပွဲတော်ရက်နေ့ များ၌ လောင်းကစား ဝိုင်းများ ဖွင့်လှစ်ကြောင်း သတင်း ရရှိ သည်။

လာင်းကစားဝိုင်းဖွင့်လှစ်နေသောနေရာမှာ လာ့ဇန့် ဟုခေါ်သည့် ပြည်သူများအပန်းဖြေရာနေရာ ရွှေလီ မြစ်ကမ်းဘေး ၌ ဖြစ်ကြောင်း၊ လောင်းကစားအမျိုးအစားများမှာ ငါးပစ်ဂိမ်း ၊လေးကောင်/ခြောက် ကောင်ဂျင် ၀ိုင်း နှင့် ဖဲဝိုင်းများ ဖြစ်ကြကြောင်း ၊ သင်္ကြန်အကြိုရက်နေ့မှ သင်္ကြန် အတက်နေ့အထိဖွင့်လှစ်ခဲ့ ကြောင်း မူစယ်ဒေသခံ စိုင်းဖိုးဆိုင် ကဆိုသည်။

“ လောင်းကစားဝိုင်းပေါင်းကတော့ (၂၀)၀ိုင်းလောက်တွေ့ရတယ်၊ ဌာနေပြည်သူ့စစ်အဖွဲ့ များက လက်နက် အ ပြည့်အစုံနဲ့လုံခြုံရေးယူပေးတာတွေ့ရတယ်၊ လာ ကစားတဲ့သူတွေအများစု ကတော့ လူငယ်တွေပဲ ဖြစ်ကြတယ်” ဟု ၄င်းကဆိုသည်။

ရပ်မိရပ်ဖ လူကြီးတစ်ဦးက“ ခုပြည်သူများအတွက် သင်္ကြန်အတွင်း အပန်းဖြေတဲ့ နေရာမှာ လောင်းကစားဝိုင်း လာဖွင့်တာ လုံးဝမသင့်တော်ပါဘူး၊ ခွင့်ပြုပေးတဲ့ အစိုးရကိုရော လုံခြုံရေးယူပေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ကိုပါ ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပါတယ်” ဟု ၄င်းကသျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့သည် မြန်မာ-တရုတ်နယ်စပ် အနီးတွင်တည်ရှိနေသော မြို့ဖြစ်ပြီး သင်္ကြန်ပွဲတော်မဟုတ်သည့်နေ့ များ တွင်လည်း ၄င်းမြို့ပေါ်ရှိ လူစည်ကားသည့်နေရာများမှာ လောင်းကစားရုံများလွှတ်လွှတ်လပ်လပ်ဖွင့်လှစ်နေ သည်မှာ (၃)နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

No comments: