Thursday, April 2, 2015

ရွေးကောက် ပွဲကာလ အတွင်းနိုင်ငံရေး ပါတီများနှင့် မီဒီယာများ ချိတ်ဆက် လုပ်ဆောင်နိုင် ရန်ဆွေးနွေးပွဲလုပ်

မိုးသူ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း မီဒီယာ များနှင့်နိုင်ငံရေး ပါတီများ ချိတ်ဆက် လုပ်ဆောင်နိုင်ရန် အတွက်ဆွေးနွေးပွဲကို ဧပြီ ၁ရက် နှင့် ၂ရက်တွင် ရန်ကုန်မြို့ အလုံလမ်းရှိ Summit Park View Hotel တွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲ တွင်ရွေးကောက် ပွဲကာလ အတွင်း မီဒီယာများ သတင်း ရယူခြင်း၊ သတင်း တင်ပြခြင်းနှင့် မျှတ မှန်ကန်သော သတင်းရေး သားရာတွင် မီဒီ ယာများ ကြုံတွေ့ရသော စိန်ခေါ်ချက်မှုကို မီဒီယာကိုယ်စားလှယ်များကဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးချက်များကို နိုင်ငံရေးပါတီများနှင့် မျက်နှာစုံ ညီဆွေးနွေး ခဲ့ကြသည်။

ယင်းအပြင်နိုင်ငံရေးပါတီငယ်များ၏ သတင်းများကိုမီဒီယာများအနေဖြင့် မျှမျှတတဖော်ပြနိုင်ရန်လည်းဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် အယ်ဒီတာ တစ်ဦးက မဇ္ဈိမ ကိုပြောသည်

ဆွေးနွေးပွဲကို Denish Institute For Parties and Democracy (DIPD) က ဦးစီး ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ ရှိနိုင်ငံရေးပါတီ အချို့နှင့် ပါတီငယ်များ စုစုပေါင်း ၂၀ကျော် နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ပြည်တွင်းမီဒီယာ အဖွဲ့အချို့ တက်ရောက် ကာရွေးကောက်ပွဲ ကာလအတွင်း မီဒီယာများ၏ အခန်းကဏ္ဍ၊နိုင်ငံရေးပါတီများမှ စိုးရိမ်သည့် အချက်များနှင့် နိုင်ငံရေးပါတီ များအနေဖြင့် မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းများ စသည် တို့ကိုဆွေးနွေး တင်ပြခဲ့သည်။

No comments: