မဇ္ဈိမ
မြန်မာနှစ်သစ်ကူး အခါတော် သမယ နှစ်ဆန်း ၁ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်တော်မြို့၏ ၁၃မိုင် အကွာတွင် ရက္ခိုင့်တပ်မတော် နှင့် မြန်မာတပ်မတော် စကခ(၉) လက်အောက်ခံတပ် ခမရ-၅၃၉ (ကျောက်တော်) တို့အကြား နံနက် ၉နာရီမှ စပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
စစ်ကူများထပ်တက်လာသောကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း ဆိုထားသည်။
ယင်း တပ်နှစ်တပ်ကြား ဧပြီ ၁၀ရက် နေ့လည်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ပြင်းဆန်သည်ဟု ဆိုသည်။
ယင်းအပြင် မတ်လ ၂၉ ရက် က တိုက်ပွဲတွင်လည်း မြန်မာ့တပ်မတော်မှ အရာရှိ တစ်ဦး အပါအ၀င် ၂ ဦး ကျဆုံးပြီး၊ တခြား နှစ်ဦးကို ဖမ်းမိထားပြီး လက်နက်အချို့ သိမ်းဆည်း ရမိခဲ့သည်ဟု ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့သည်။
No comments:
Post a Comment