ခင်မြတ်မြတ်ဝေ
တစ်နိုင်ငံလုံးတွင် ကားအစီးရေ ၆သိန်းကျော်ရှိသည့်အနက် အလုံစုံ အာမခံထားသည့် ကားအစီးရေ မှာနှစ်သောင်း ခုနှစ်ထောင်ကျော်သာ ရှိသည် ဟုမြန်မာ့အာမခံ လုပ်ငန်းဌာနမှ ဦးဆောင်ညွှန် ကြားရေးမှူး ဦးအေးမင်းသိန်းက မဇ္ဈိမ ကိုပြောသည်။
"ကားအစီးရေ နဲ့တွက် လူ၅၁ သန်းမှာ ကားစီးနိုင် တဲ့သူက ၆ သိန်း ဆိုတော့ ထားသင့်တယ်။ အဝေးပြေး ကားတွေဆို ထားတဲ့ ကားရှိတယ်။ မထားတဲ့ ကားတွေ လည်းရှိတယ်။ အမှန်တိုင်းပြောရင် ကားက အာမခံကိုထား သင့်တာပေါ့၊ အန္တရာယ် လည်းရှိ တယ်လေ" ဟု ၎င်း ကပြောသည်။
မြန်မာ့အာမခံ လုပ်ငန်း တွင်နှစ်စဉ် အလုံးစုံ အာမခံ ထားရှိသည့် ကားအစီးရေ တစ်သောင်း ရှစ်ထောင် ဝန်းကျင် ရှိပြီး၊ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၅ခုတွင် ကိုးထောင် ဝန်းကျင်း သာရှိသည်ဟု ဆိုသည်။
အလုံးစုံအာမခံကြေးကို ကားအင်ဂျင်ပါဝါပေါ် မူတည်၍ အာမခံကြေးသတ်မှတ်ထားပြီး သိန်း၁၀၀ ဝန်းကျင်တန်ဖိုးရှိသည့်ကားတစ်စီးလျှင် လိုင်စင်အနီ အတွက် အလုံးစုံကြေး တစ်သိန်းခြောက်သောင်း၊ လိုင်စင်အနက်အတွက် အလုံးစုံကြေး ရှစ်သောင်း သတ်မှတ် ထားသည်ဟု IKBZ အာမခံ ကုမ္ပဏီ မန်နေဂျာ ကိုအောင် စိုးဦး က မဇ္ဈိမ ကိုပြောသည်။ အဝေးပြေးယာဉ် များအတွက်မူ ကားဈေးနှုန်းပေါ် မူတည် ၍နှစ်စဉ်ကြေးပေးဆောင် ရမည်ဟု ဆိုသည်။
မြန်မာ့ အာမခံ လုပ်ငန်း အနေဖြင့်၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃ ရက် အထိ အာမခံလျော်ကြေးငွေ စုစုပေါင်း ကျပ် သန်းပေါင်း ၁၄၆၂ ဒသမ ၉၉၆ပေး အပ်ခဲ့ပြီးဖြစ် သည်ဟုလည်း စာရင်းများ အရ သိရသည်။
မြန်မာ့ အာမခံ လုပ်ငန်းမှ ဒီဇင်ဘာ ၃ ရက်တွင် သဘောင်္သား အသက် အာမခံလျော်ကြေး၊ အလုံးစုံမော်တော်ယာဉ် အာမခံလျော်ကြေးနှင့်ရေကြောင်း ပို့ကုန် ပစ္စည်းအာမခံလျော်ကြေး စုစုပေါင်း ကျပ်သိန်း ကိုးရာ့ရှစ် ဆယ်ကျော်အား ရန်ကုန် မြို့ရှိ မြန်မာ့ အာမခံ လုပ်ငန်း ရုံးချုပ် တွင်ပေးအပ် ခဲ့သည်။ ယခုနှစ်အတွင်း အမခံလျော်ကြေး အများဆုံးပေးအပ် ရသည်မှာ မီးအာမခံလျော်ကြေးဖြစ်ပြီး ကျပ် ၉၈၄ သိန်းပေး အပ်ခဲ့သည်။
၂၀၁၅ ခုနှစ် အတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်းမှ လှိုင်သာယာမြို့နယ်ရှိ SUNNY SHOES ဖိနပ်စက်ရုံ မီးလောင်ဆုံးရှုံးမှု အတွက် မီးအာမခံထား ရှိမှု လျှော်ကြေးငွေ သိန်းပေါင်း တစ်သောင်းကိုးရာကျော်ကို ဧပြီ ၄ရက်တွင် Park Royal ဟိုတယ် ၌လျှော်ကြေးပေး အပ်ခဲ့သည်။
No comments:
Post a Comment