Wednesday, April 1, 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ထပ်မံခန့်အပ်လိုကြောင်း သမ္မတ သဝဏ်လွှာပို့

ဝင်းကိုကိုလတ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားလူမျိုး ၈ ဦးအား အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ မတ် ၃၀ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိတွင် ဥက္ကဋ္ဌ ၁ ဦးနှင့်အ ဖွဲ့ဝင် ၆ ဦးစုစုပေါင်း ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ၍ ၈ ဦးတိုးမြှင့်ကာ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းလိုသည်ဟု သမ္မတ၏ မတ်လ ၂၆ ရက်စွဲဖြင့် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးအား တာဝန်ခံကြီးကြပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဌ ၁ ဦးနှင့် အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

တိုးချဲ့ဖွဲ့စည်းမည့်အဖွဲ့ဝင် ၈ ဦးသည် တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ဦးအင်ဇော်နောင်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊ ဦးဟာကီး၊ ဒေါက်တာမောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်းနှင့် ဒေါက်တာစိုင်းစံဝင်းတို့ဖြစ်သည်ဟု ဆိုသည်။

အထက်ပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ သက်သေထင်ရှားပြပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဧပြီလ ၂ ရက်၊ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီနောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွန်ကြားရေးမှူးချုပ်ထံ စာရင်းပေးနိုင်သည်ဟု သိရသည်။

No comments: