သျှမ်းသံတော်ဆင့်
တာင်ကြီိးမြို့ ၂၀၁၅ မဟာ သင်္ကြန် ပွဲတော် ကာလ အတွင်း ယာဉ်တိုက်မှု လျှော့ချရေး အတွက် သျှမ်းပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အချက်(၁၂ )ချက်ပါ သတိပေး နှိုးဆော် ချက်အား ဧပြီလ (၁) ရက်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း သတင်း ရရှိသည် ။
" သင်္ကြန်ကာလအတွင်း တောင်ကြီးမှာ ယာဉ်ထိန်းရဲ အင်အား (၇၀) သုံးမယ်။ အရေးပေါ်ကား တွေလည်းထားမယ်။ လုံခြုံရေးအတွက် ယာဉ်စည်းကမ်းအတွက် တင်းကျပ် လုပ်ဆောင် သွားမယ် ။ စည်းကမ်းချက်တွေထုတ်ထားတယ်။ မလိုက်နာရင်ထိရောက်စွာအရေးယူသွားမယ် " ဟု ယာဉ်ထိန်း တပ်ဖွဲ့မှ ဒုရဲမှူးကြီး ကံသိန်းက ရှင်းပြသည်။
သျှမ်းပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်သည့် အချက်(၁၂ )ချက်တွင်- မူးယစ်သောက်စား မောင်းနှင်ခြင်း၊ ယာဉ်နံပါတ် မပါပဲ ပြိုင်မောင်းခြင်း၊ လုမောင်းခြင်းများ၊ သံစုံဟွန်း များတပ်ဆင်ခြင်း၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ တွင် ညစ်ညမ်းသော စာသား များ ဆိုင်းဘုတ် ၊ ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲပြီး မောင်းနှင်ခြင်း မပြုရ -အစရှိ အချက်များလည်းပါဝင်ပြီး သတိပေးနှိုးဆော်ချက်အား လိုက်နာ ခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒုရဲမှူးကြီး ကံသိန်းက ပြောဆိုပါသည်။
" ဧပြီ (၄) ရက်က စပြီး ဒီကိစ္စတွေကို ကျနော်တို့အရှိန်မြင့်ဆောင်ရွက်သွားမှာဖြစ်တယ် ။ ဒီနှိုး ဆော်ချက်တွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့တွေကနေ မြို့ထဲမှာ အသံချဲ့စက်နဲ့ သတိပေး တယ် ၊ ခုကတည်းကစပြီး တောင်ကြီးမြို့ပေါ် မှာ တလမ်းသွားစနစ် စတင်လုပ်ဆောင် နေပါပြီ "ဟု ၄င်းကပြောသည်။
တာင်ကြီးမြို့ ပေါ်တွင် ယာဉ်ပိတ်ဆို့မှုကြောင့် ၊ ကုန်သည်လမ်း၊ ရေထွက်ဦးလမ်း၊ ကမ္ဘောဇဘဏ် ဘေးရှိ မြတ်လေးလမ်း နှင့် အောင်မင်္ဂလာလမ်း ၊ ပန်းသေးလမ်း များအား တစ်လမ်းသွား စနစ်ဖြင့် ဧပြီ (၂) ရက်က ပြုလုပ်လိုက်ပြီိဖြစ်ကြောင်း ၊ ယခင်နှစ် သင်္ကြန်ကာလတွင် သျှမ်းပြည်နယ် တစ်ပြည် နယ်လုံးအတိုင်းအတာဖြင့် မော်တော် ယာဉ် တိုက်မှု (၁၅) မှုဖြစ်ပွားခဲ့ပြီး စည်းကမ်းမဲ့မော်တော် ဆိုင်ကယ် အစီး (၃၀၀) ဖမ်းဆီးအရေး ယူခဲ့ကြောင်း ၄င်းထံမှ ဆက်လက်သိရပါသည်။

No comments:
Post a Comment