Wednesday, April 22, 2015

ဦးဝင်းတင်အတွက် အပြာရောင် အင်္ကျီဝတ်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော် သတင်းစာ ရေးသား

DVB

ဧပြီ ၂၁ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဦးဝင်တင် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် အပြာရောင် အင်္ကျီတွေ ၀တ်ကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်သတင်းက ရေးပါတယ်။

“ဦးဝင်းတင် အတွက် အပြာရောင်ဝတ်ကြပါ၊ မြန်မာအတွက် အပြာရောင် ၀တ်ကြပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထားတာ ဖြစ်ပါတယ်။

ဦးဝင်တင် ကွယ်လွန်တာ တနှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လူတွေကို အပြာရောင်ဝတ်ဖို့ တိုက်တွန်းနေ သလို ဒါဟာ မြန်မာ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြား ရှိနေသေးတယ်ဆိုတာကို သတိထားမိစေမှာ ဖြစ်တယ်လို့ သတင်းက ရေးပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၉ ကနေ ၂၀၀၈ ခုနှစ်အထိ ထောင်ဒဏ် ကျခံခဲ့ရသလို ကာလအကြာရှည်ဆုံး အကျဉ်းကျခံရတဲ့ နိုင်ငံရေးသမား တဦးဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါအပြင် ၂၀၁၄ ခုနှစ် ကွယ်လွန်ရာမှာလည်း အပြာရောင် အကျီင်္ကို ၀တ်ဆင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ မလွတ် မချင်း ဒီအပြာရောင်အင်္ကျီကို နေ့စဉ်ဝတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

သူသေဆုံးတာ တနှစ်ပြည့်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား ၁၇၀ ကျော် အကျဉ်းကျခံနေဆဲ ဖြစ်သလို ၃၀၀ ကျော်ဟာလည်း အမှုရင်ဆိုင်နေရတယ်လို့ သတင်းက ရေးပါတယ်။

No comments: