Thursday, April 2, 2015

အောင်တံခွန်-၃ နစ်မြုပ်မူ၌ပါဝင်သူ မိသားစုများအတွက် အလိုတော်ပြည့်ဆရာတော်အား အမှူးထား၍ ကျပ်သိန်း (၂၃၀) လှူဒါန်း



မတ်လ ၁၃ ရက်နေ့က အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်ခဲ့ကြသော မိသားစုများအတွက် ရခိုင်အမျိုးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ အလိုတော်ပြည့်ဆရာတော်ကြီအား အမှူးထားပြီး ကျပ်ငွေသိန်းပေါင်း (၂၃၀) လှူဒါန်းခဲ့သည်ဟု သိရသည်။

ယင်းလှူဒါန်းမှုအား ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ နာယက ဦးကုမာရ ၏ ဦးစီဆောင်မူဖြင့် စစ်တွေမြို့ ဦးဥတ္တမခမ်းမတွင် မတ်လ ၃၀ ရက် ည ၄ နာရီအချိန်က အခမ်းအနားပြုလုပ် လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ ပြည်တွင်း ပြည်ပ သာသနာပြု ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ အလိုတော်ပြည့်ဆရာတော်ကြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြို့မိမြို့ဖများ၊ ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

အလိုတော်ပြည့်ဆရာတော်ကြီးမှ ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ လှူဒါန်းငွေ ကျပ် သိန်း (၂၀၀) နှင့် စစ်တွေဟိုတယ်ဝန် ထမ်းမိသားစုတို့က ကျပ်သိန်း (၃၀)၊ စုစုပေါင်း ကျပ် သိန်း (၂၃၀) အား လွှဲပြောင်း ပေးအပ်ရာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ လက်ခံယူခဲ့သည်။

အခမ်းအနားတွင် ပြည်တွင်း ပြည်ပ သာသနာပြုကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးက လှူဒါန်းရသည် အကြောင်းရာများကို တက်ရောက်လာသူဒေသခံပြည်သူများအား ပြောကြားခဲ့ပြီး ဆုံးမသြ၀ါဒ ပေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ်က ယခု အဖြစ်ဆိုးအတွက် ၀မ်းနည်းရပါကြောင်း၊ နောက်နောင် ယခုလို အဖြစ်ဆိုးများ မဖြစ်ရအောင် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ယင်းပြင်အခမ်းအနားတွင် ရခိုင်အမျိုးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) က နာယက ဦးကုမာရ နှင့် ဒုတိယဥက္ကဋ္ဌ ကိုသန်းဆွေ နှင့် ဥပဒေအကြံပြု ကိုမြင့်မောင်ဌေးတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

No comments: