Tuesday, April 7, 2015

ယခုနှစ် သင်္ကြန်ကာလ လုံခြုံရေးတိုးမြင့်မည်ဟု သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ပြော

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

လာမည့် သင်္ကြန် ကာလတွင် လူထု လုံခြုံရေး အတွက်ဟု ဆိုကာ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ လုံခြုံရေး ပိုမို ဖြည့်တင်း သွားမည်ဟု ရဲတပ်ဖွဲ့ အသိုင်းအဝိုင်း က သိရသည်။

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် သင်္ကြန်ကာလ လုံခြုံရေးအတွက် သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရပ်ကွက်ကျေးရွာများ၊ ၀န်ထမ်း အိမ်ယာများတွင် ဧည့်စာရင်း အထူးစစ်ဆေးသွားမည်ဖြစ်ပြီး၊ အဝေးပြေးကားဂိတ်များ ၊ ဘူတာရုံ၊ ယဉ်ရပ်နားစခန်း နှင့် လေဆိပ် အဝင်အထွက်များ တွင် စောင့်ကြပ်စစ်ဆေးမှု တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သင်္ကြန်မဏ်ဏ္ဍပ်များတွင်လည်း (CCTV) ကင်မရာ တပ်ဆင်၍ ယခုနှစ်သင်္ကြန်အတွက် ရဲလုံခြုံရေးအင်အား နှစ်ထောင်ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးဆန်းလွင် ကပြောပါသည်။

"သင်္ကြန်ကာလမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နဲ့မလိုက်ဖက်တဲ့ အပြု အမူေ တွ၊ ၀တ် စားဆင်ယင်မှုတွေ၊ ပြောဆိုမှုတွေ ၊ မူးယစ်ရမ်းကားတာတွေ မပြုဖို့နဲ့ ကာမစိတ်ကြွဆေးသုံးစွဲရောင်းချမှုကိုလည်း ရှာဖွေစစ်ဆေး အရေးယူသွားမှာ ဖြစ်တယ် " ဟု ဒုရဲမှူးကြီးဆန်းလွင် ကပြောသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးအသိ ပညာပေးမှု များနှင့်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှ အပိုင်း(၃) ပိုင်းဖြင့် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သျှမ်းပြည်နယ်ရဲ တပ်ဖွဲ့ဝင်များ ထံမှသိရသည်။

၂၀၁၄ သင်္ကြန်ကာလက ဖြစ်ပေါ်ခဲ့သောအမှုများကို သုံးသပ်၍ သျှမ်းပြည် နယ်ရဲ တပ်ဖွဲ့အား လုံခြုံရေး သင်တန်း အထူးလေ့ကျင့် ပေးထားပြီး မှုခင်းကင်စင်ရေးအတွက် မူးယစ်ဆေးဝါးအသိပညာပေး ဟော ပြောပွဲများ ကျင်းပပြီး၊ မူးယစ်ဆေးနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များပါသည့် ဆိုင်းဘုတ်၊ လက်ကမ်းစာစောင်များ ဖြင့် အသိပညာပေး မှုများကို မတ်ခ်ျလ နောက်ဆုံးပတ်ကစပြီး ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တဦးက ဆက်လက်ရှင်းပြသည်။

တာင်ကြီးဒေ သခံ မဏ်ဏ္ဍပ်ပွဲစီစဉ်သူတစ်ဦးက " တောင်ကြီး ဒီနှစ်သင်္ကြန် တစ်ခြားနှစ်တွေထက်ပို စည်ကားမယ်လို့ ထင်တယ်၊ တစ်နှစ်ထက်တစ်နှစ် ပိုပြီးရမ်းကားလာကြတယ် ၊ ဆပ်ပြာရေတွေ၊ မသန့်ရှင်းတဲ့ရေတွေနဲ့ စည်းကမ်းမဲ့ ပက်ကြတယ်။ လူငယ်တွေက မူးယစ်ဆေးတွေသုံးပြီး ရန်ဖြစ်ကြ ယာဉ်တိုက်မှုတွေဖြစ်ကြတာ တစ်နှစ်ထက်တစ်နှစ်ပို ဆိုးလာတယ်လို့မြင် တယ် " ဟု သုံးသပ်သည်။

ယခုနှစ်တွင် သျှမ်းပြည်နယ်တစ်ခုလုံး သင်္ကြန်မဏ်ဏ္ဍပ်ပေါင်း (၆၀)ကျော် ရှိပြီး တောင်ကြီးမြို့ပေါ်တွင် မဏ်ဏ္ဍပ်ကြီး (၁၀) ခုနှင့် အခြားမဏ်ဏ္ဍပ်အငယ်များ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း သိရပါသည်။

No comments: