Thursday, April 23, 2015
ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း အစိုးရမှ တရားဝင် သတင်းထုတ်ပြန်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် ( Arakan Army) အကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းကို မြန်မာအစိုးရမှ တရားဝင် သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၈ ရက်နေ့က မြန်မာ အစိုးရမှ ထုတ်ပြန်သော သတင်းတွင် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့မြောက်ဘက် ၁၄ မိုင်ခန့် အကွာ ပင်လုံကျေးရွာအနီး၌ တစ်ကြိမ်၊ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အောင်လံချောင်း ကျေးရွာအနီးရှိ တောင်ကုန်းပေါ်တွင် နေရာယူထားသော ရက္ခိုင့်တပ်မတော် အင်အားအချို့နှင့် တစ်ကြိမ် ထပ်မံ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်များမှာ မြောက်ဘက်သို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။
တိုက်ပွဲများကြောင်း ရက္ခိုင့်တပ်မတော်ဘက်မှ ပြောက်ကျား ကျော့ပိုးအိတ် ၂ လုံး၊ မြန်မာကျပ်ငွေ ၁၂၀၀၀၀၊ Ipad ၁ လုံး၊ Huawei တယ်လီဖုန်း ၁လုံး၊ သံလိုက်အိမ်မြှောင် ၁ ခု၊ ဟန်းကော ၁ လုံး၊ အရပ်ဝတ် အကျီ ၃ ထည်တို့အား သိမ်းဆည်းရမိကြောင်း သတင်းတွင် ဖော်ပြသည်။
ယခု တိုက်ပွဲများမှာ ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်အကွာခန့်တွင် တည်ရှိသော ပင်လုံ၊ စပါးဆိပ်နှင့် အောင်လံချောင်းကျေးရွာအနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment