Tuesday, April 21, 2015

ကျောက်ဖြူကံ့ကော်တောဘုရားဖူးကားတိမ်းမှောက် တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ကျော်ဝင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကံ့ကော်တောဘုရားသို့ ဘုရားဖူး ထော်လာဂျီ တိမ်းမှောက်ရာမှ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာမှ မောင်ကွမ်း (၁၅) နှစ်ဖြစ်သည်။

၎င်းထော်လာဂျီသည် သိုင်းချောင်းကျေးရွာမှနေ ကျောက်ဖြူမြို့ ကံ့ကော်တောသို့ ဘုရားသို့ထွက်ခွာလာစဉ် ဒိုးတန်းတောင်နှင့် အုန်းတောရွာအကြားတွင် ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့သည်ဟု ဒေသအတွင်းမှ ရဲအရာရှိ တစ်ဦးဖြစ်သူ ရဲအုပ် စိုးကြည်က အတည်ပြု ပြောကြားသည်။

ထော်လာဂျီ နံပတ်မှာ ၉ ဌ/ ၃၅၈၈၄ ဖြစ်ပြီး မောင်းသူ သိုင်းချောင်းရွာမှ အောင်စိုးဝင်း (၂၁) နှစ်မှာ ထွက်ပြေးသွားကြောင်း ယင်းရဲအရာရှိက ဆိုသည်။

ဒဏ်ရာ ရသူ ခြောက်ဦးရှိပြီး သူတို့ကို ဆေးရုံတင်ပို့လိုက်ရသည်ဟု သိရသည်။

No comments: