ဝင်းကိုကိုလတ်
အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကူညီဆောင်ရွက်ပေးမှုဖြင့် အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ တကသ ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၃ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပြီး လွှတ်တော်ဥပဒေ ပြဋ္ဌာန်းခြင်းဆိုင်ရာ လုပ်ငန်းအဆင့်အဆင့် ဆောင်ရွက်ခြင်းများကို ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။
တကသကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်က နိုင်ငံတကာမှ တက္ကသိုလ်သမဂ္ဂများ၏ အတွေ့အကြုံများကို ရယူသွားကာ ၎င်းတို့ သပိတ်မှောက်ခဲ့သည့် အမျိုးသားပညာရေး ဥပဒေအကြောင်း ကိုလည်း ရှင်းပြမည်ဟု ဆိုသည်။
တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ‘‘သပိတ်ကာလအတွင်း ဖေဖော်ဝါရီ ၁၂ ရက်က အန်တီဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ အခုလိုစီစဉ်ပေးဖို့ ကူညီပေးတာဖြစ်ပါတယ်’’ ဟု ဆိုသည်။
ထို့ပြင် နိုင်ငံတကာမှ တက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများ လည်ပတ်ပုံ၊ ဘတ်ဂျက်သုံးစွဲပုံ စသည်များ ကိုလည်း နိုင်ငံတကာမှ သမဂ္ဂများထံမှ လေ့လာသွားမည်ဟု ဆိုသည်။
အဆိုပါဆွေးနွေးပွဲသို့  နိုင်ငံတကာတက္ကသိုလ်များမှ ကျောင်းသာသမဂ္ဂ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ ပါဝင်သည့် အဖွဲ့ သည့် ဧပြီလ ၃ ရက် နံနက်ပိုင်းတွင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ရှိ သက်ဆိုင်ရာ ကော်မတီများနှင့် တွေ့ ဆုံဆွေးနွေး လေ့လာခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲကို ငါးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ယခုတွေ့ ဆုံမှုသည် ပထမရက်အဖြစ် တွေ့ဆုံ ခဲ့ခြင်းဖြစ်ကာ ကျန်လေးရက်ကို ရန်ကုန်မြို့တွင် နှစ်ရက်၊ မကွေးမြို့တွင် နှစ်ရက်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
No comments:
Post a Comment