မင်းမင်း
တစ်နေရာမှ တစ်နေရာသို့ သွားလာရန် ပြည်သူများ ကြောက်နေရသည်အထိ ယဉ်ကြောပိတ်ဆို့မှုနှင့် ရင်ဆိုင် နေရသော ရန်ကုန်တွင် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် အစိုးရ၏ ဖြေရှင်းမှုသည် အလွန်အား နည်းနေသည့်အတွက် တစ်နေ့တစ်ခြား အခြေအနေဆိုးရွာလာသည်ဟု တိုင်းလွှတ်တော်အမတ်တစ်ဦးက အရေးဆိုလိုက်ပြန်သည်။
ယဉ်ကြောပိတ်ဆို့မှုပြဿနာဖြေရှင်းရန် အစိုးရအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများဖြင့်သာ လမ်းဆုံးနေပြီး လက်တွေ့အကောင်အထည်ဖော်မှုမှာ အလွန်အားနည်းနေသည်ဟု သင်္ကန်းကျွန်းမြို့နယ်မှ တိုင်းလွှတ်တော်အ မတ် ဦးကျော်က ဧပြီလ ၃ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်အထူးအစည်းအဝေးတွင် ဝေဖန်လိုက်ခြင်းဖြစ် သည်။
'ယဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းတဲ့နေရာမှာ အလုပ်ရုံဆွေးနွေးပွဲနဲ့ပဲ ပြီးနေတာကြောင့်မို့လို့ မြန်မာစကားပုံလို ခတ်ကွင်းပြင်တာနဲ့ပဲ ရွာသစ်ကြီးရောက်ပြီဆိုတဲ့အနေအထားမျိုးကို ကျွန်တော်တို့ ရင်ဆိုင်နေရတာဖြစ်ပါတယ်' ဟု ဦးကျော်က ဆိုသည်။
ဦးကျော်သည် ယဉ်ကြောပိတ်ဆို့မှုပြဿနာအပေါ် အစိုးရဖြေရှင်းမှု ညံ့ဖျင်းကြောင်း လွှတ်တော်အစည်းအဝေး ကျင်းပတိုင်းလိုလို ဝေဖန်ထောက်ပြလေ့ရှိပြီး ၄င်းကိုယ်တိုင်းလည်း သင်္ကန်းကျွင်္န်းမြို့နယ်မှ တိုင်းလွှတ်တော်သို့ အငှားယာဉ် သို့မဟုတ် ဘတ်စ်ကားဖြင့် လွှတ်တော်တက်သည့် အမတ်တစ်ဦးဖြစ်သည်။
ယခုအကြိမ်တွင်လည်း 'ရန်ကုန်မြို့တော်အတွင်း ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေး အမြန်ဆုံးအကောင် အထည်ဖော်ရန်' အရေးဆိုခဲ့ခြင်းဖြစ်သည်။
'ဘတ်စ်ကားတွေရပ်ဖို့ မျဉ်းကြောင်းတွေလည်း မပေါ်တော့ဘူး။ ဘယ်နေရာမှာ ရပ်ရမယ်ဆိုတာ ဟုတ်တိပတ်တိ ရှိမနေဘူး' ဟု ဦးကျော်က လွှတ်တော်တွင် ထောက်ပြသည်။
၎င်း၏ မြို့နယ်အတွင်းရှိ စံပြဈေးတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီမှ ကြို/ပို့ကား စည်းကမ်းချိုးဖောက်ကာ လူတင်၊ လူချလုပ်နေသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟုလည်း ဦးကျော် က ပြောသည်။
"မြို့တော်စည်ပင်က ဖယ်ရီကား၊ ဘတ်စ်ကားကြီးက အပြင်ကြောမှာချပြီးတော့ လူအတင်အချလုပ်တယ်။ စနစ်တကျ ကိုယ်တွယ်ဖြေရှင်းဖို့လိုတယ်" ဟု ဆိုသည်။
တိုင်းအစိုးရအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ယဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် တာမွေခုံးကျော်တံတား၊ ရှစ်မိုင်ခုံးကျော် တံတားနှင့် ကုက္ကိုင်းခုံးကျော်တံတားအပြင် လူကူးခုံးကျော်တံတား ၆စင်းကိုလည်း ယခု ဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားရန် ရှိနေသည်။
"ခုံးကျော်တံတားတွေက ဆောက်တော့ဆောက်နေတာပဲ။ ဒီနားက ဆောက်ရင် ဟိုနားက ပြန်ပိတ်တာပါပဲဗျာ" ဟု အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောသည်။
No comments:
Post a Comment