ဖနိဒါ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သဘော တူညီမှု ရရှိကြသော်လည်း ကိုးကန့်ဒေသတွင်မူ အစိုးရ စစ်တပ်နှင့်မြန်မာ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (MNDAA) တို့အကြားနေ့စဉ် တိုက်ပွဲပြင်း ထန်နေသည်ဟု ကိုးကန့် တပ်ဖွဲ့ ၏ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကပြောသည်။
လောက်ကိုင်မြို့၏ အရှေ့တောင်ဘက် ခုတ်ထန်ဒေသ ပတ်ဝန်းကျင်တွင် မတ်လ၂၇ ရက်မှ ဧပြီ ၂ရက်ထိ နေ့စဉ် အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ မြေပြင်စစ်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“နေ့တိုင်းရှိပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ထပ်မကြားသေးဘူး။ မနေ့ကထိတော့ မနက်ကတည်းကနေ ဒီနေ့မနက် ၈ နာရီလောက်ကနေ သန်းခေါင်ကျော် ၃ နာရီ ထိတိုက်ပွဲဖြစ်တယ်။ အစိုးရ စစ်တပ်က လက်နက်ကြီး နဲ့အရင် ပစ်တယ်။ ပစ်ပြီးတော့မြေပြင်က ကြည်းတပ်တွေ ထိုးပေါ့။ ဒီနေ့ တိုက်ပွဲ သတင်းတော့ မကြား ရသေးဘူး”ဟု သူက မဇ္ဈွိမ ကိုပြောသည်။ ယခုရက်ပိုင်းက တိုက်ပွဲများတွင် MNDAA ဘက်မှ ရဲဘော် ၄ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သူကပြောသည်။
အစိုးရ စစ်တပ်က စစ်အင်အားတိုးမြင့်မှုများ ရှိနေဆဲဖြစ်ပြီး ဟိုပန်၊ ချင်းရွှေဟော်နှင့် လောက်ကိုင်ဘက်တို့မှ လက်နက်ကြီးများ ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး တစ်ရက် လည် ရာနှင့်ချီ ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ဦးထွန်းမြတ်လင်း ကပြောသည်။
မတ်လ ၂၄ မှ ၂၆ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ယင်းနောက် မတ်လ ၂၇ ရက်မှ စတင်၍ တိုက်ပွဲ များပြင်းထန် လာခြင်းဖြစ်သည် ဟုသူ ကပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းပါ အချက် များအားလုံး သဘော တူညီမှုကို မတ်လ ၃၀ ရက်က ရရှိခဲ့သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ MNDAA နှင့် အစိုးရ စစ်တပ်တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တပ်မတော်ဖက်မှ အရာရှိ၊ တပ်သား စုစုပေါင်း ၁၀၀ကျော် ကျဆုံးခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment