Mizzima
လန်ဒန် သတ္တုရောင်းဝယ်ရေး ဈေးကွက်တွင် သံဖြူဈေး ရှစ်ကြိမ်ဆက်တိုက် ကျဆင်းသွားပြီး ယင်းသို့ ဈေးကျရသည်မှာ မြန်မာနိုင်ငံမှ သံဖြူများ ဆက်တိုက်ဝင်ရောက်ခြင်းကြောင့်ဖြစ်ကြောင်း သည်ဝေါစထရိတ်ဂျာနယ်တွင် ဧပြီ ၁၉ ရက်က ရေးသားဖော်ပြသည်။
အီလက်ထရောနစ် စက်မှုလုပ်ငန်းများတွင် အဓိကထားအသုံးပြုသည့် သံဖြူဈေးနှုန်းသည် မြန်မာနိုင်ငံမှ သံဖြူများ ဈေးကွက်ဝင်ရောက်မှု များပြားခြင်းကြောင့် လန်ဒန် သတ္တုရောင်းဝယ်ရေးဈေးကွက်တွင် ငါးနှစ်ကျော်ကြာကာလတွင် ကျဆင်းမှု ဖြစ်လာခဲ့သည်။
စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်း ၆၀ ကျော်ကြာ နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိခဲ့သည့် နိုင်ငံဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံက တံခါးဖွင့်လှစ်ခဲ့ပြီး သံဖြူဈေးကွက်သည် ကမ္ဘာ့ဈေးကွက်ကို ပထမဆုံး စတင်ရိုက်ခတ်လာခြင်းဖြစ်သည်။
သံဖြူဈေးကျဆင်းခြင်းသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သံဖြူပမာဏ အလွန်အကျွံ များပြားခြင်းကြောင့်ဖြစ်ကြောင်း J.P. Morgan Asset Management မှ ကမ္ဘာသဘာဝရင်းမြစ်ဆိုင်ရာအဖွဲ့ မန်နေဂျာ ဂိမ်းဆူတန်က သတင်းစာသို့ပြောခဲ့သည်။
လန်ဒန်ဈေးကွက်တွင် သံဖြူအရောင်းအဝယ် သုံးလတာ ကန်ထရိုက်စာချုပ်ချုပ်ဆို ကုန်သွယ်မှုသည် ၉ ရာခိုင်နှုန်းကျော်ကျဆင်းကာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃,၆၀၀ သို့ ကျဆင်းသွားခဲ့သည်။
No comments:
Post a Comment