Tuesday, April 7, 2015

၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ကို စိုးရိမ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Mizzima

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအား မကန့်ကွက်ဟု မပြောနိုင်ကြောင်း အင်တာဗျူး တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဧပြီ ၄ ရက်တွင် ဖော်ပြခဲ့သည်။

စစ်တပ်ကဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းမရှိဘဲ မိမိအား သမ္မတနေရာအတွက် ဆက်လက်ပိတ်ပင်မှုများ လုပ်ဆောင်ထားမည်ဆိုပါက ရွေးကောက်ပွဲအား ကန့်ကွက်မှု သည် အကောင်းဆုံးရွေးချယ်မှု တစ်ခု မဟုတ်သော်လည်း ဖြစ်လာနိုင်ဖွယ်ရာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရဆောင်ရွက်ချက်များအပေါ် ကန့်ကွက်မှုများလုပ်ဆောင်ခဲ့သော်လည်း စစ်တပ်နှင့် သင့်မြတ်ရေးသည် အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ယခင်စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် လေ့လာသုံးသပ်သူများ သတိပေးသည့်အတိုင်း အစိုးရအနေဖြင့် နိုင်ငံအတွင်း မတည်ငြိမ်မှုကို အကြောင်းပြ၍လည်းကောင်း၊ အခြားအကြောင်းပြချက်တစ်ခုဖြင့်လည်းကောင်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းတို့လည်း ပြုလုပ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

No comments: