Tuesday, April 7, 2015

ကျောင်းသား အပါအ၀င် နိုင်ကျဉ်း အရေအတွက် တိုးလာသော် လည်းဆောင် ရွက်ပေး မည့်ကော်မတီ တိတိကျကျ မရှိသေး

မင်းမင်း

မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော သပိတ်မှောက်ကျောင်းသားများ အပါအ၀င် လယ်သမား၊ အလုပ် သမားအရေးဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား အရေ အတွက် တိုးလာသော်လည်း ၄င်းတို့အရေးကို ဆောင်ရွက်ပေးမည့် ကော်မတီ အနေဖြင့် တိတိကျကျ ရှိမနေသေးပေ။

နိုင်ငံရေးအကျဉ်းသားများ၏ အရေးကိစ္စများကို လျင်လျင်မြန်မြန်အောက်ခြေအထိ ကျယ်ပြန့်စွာဆောင်ရွက်နိုင် ရန်ဟုဆိုကာ ဇန်န၀ါရီ ၅ရက်ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေး ရာကော်မတီ သည်ကော်မတီ သက်တမ်း သုံးလပြည့် ပြီဖြစ်သော်လည်း လုပ်ဆောင်ချက် တစ် စုံတစ်ရာ စတင်ခြင်း မရှိသေးပေ။

အဖွဲ့ဝင် ၂၈ဦးပါဝင်သည့် ယင်းကော်မတီသည် အလုပ်မစသေးသည့် အပြင်ကော်မတီ၏ အမည်ကို 'နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ' ဟုပြောင်း လိုက်ပြီးကော်မတီဝင် စာရင်းများကို ထပ်မံတောင်း ခံထားသည် ဟုရေးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ဦးရဲအောင် ကပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP-B ၏ စာရင်းများ အရနိုင်ငံရေး အကျဉ်းသား ဦးရေမှာမြန် မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ၁၂၇ ဦးရှိပြီး ဖမ်းဆီးခံထားရသည့် သပိတ်မှောက်ကျောင်းသားများအပါအ၀င် လယ်သမား၊ အလုပ်သမား အရေးဖြင့် ဖမ်းဆီးခံထားရသူစုစုပေါင်း ၃၀၀ ဦး အထိ ရှိနေသည်။

သို့သော်လည်း လက်ရှိ အချိန်ထိ နိုင်/ ကျဉ်းများ အရေး ဆောင်ရွက်ပေးမည့် ကော်မတီ တိတိကျကျ ရှိမနေသေးပေ။

'ကော်မတီက လည်းနိုင်ငံ တကာ ကိုဖော်ရှိုး လုပ်ဖို့ အတွက်ပြ ထားတဲ့ အဖွဲ့လောက်ပဲဖြစ်ပါ တယ်။နိုင်ငံရေး အကျဉ်းသားတွေ အတွက်တော့ အထောက် အကူ မဖြစ်ပါဘူး' ဟုနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B၏ အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က မဇ္ဈိမကိုပြော သည်။

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး အတွက် 'နိုင်ငံတကာကို သူတို့တွေ ရဲ့ဖြစ်စဉ်တွေ၊ အမြန်ဆုံး လွတ်မြောက်ဖို့ ဖိအားပေး ဖို့ဆိုတဲ့ ကိစ္စတွေကို လုပ်ဆောင်နေတာ ရှိပါတယ်' ဟု လည်း ဦးဘိုကြည်က ဆိုသည်။

ဖမ်းဆီးခံကျောင်းသားများကို အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)အပါအ၀င်ပုဒ်မ(၅)ခုတပ်ပြီး တရားစွဲဆိုထားကာ လာမည့် ဧပြီလ ၇ရက် တွင် တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။

အဆိုပါကျောင်းသား၊ ကျောင်းသူများကို နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်သည်ဟု သင်္ကန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်က မဇ္ဈိမ ကိုပြောသည်။

'ပုဒ်မ၁၈တို့၊ ၅၀၅(ခ)တို့ဟာ ဒါနိုင်ငံရေးပုဒ်မတွေပဲလေ။အဲ့ဒီပုဒ်မနဲ့ အကျုံးဝင်တဲ့သူအားလုံးဟာ ကျွန်တော့ရပ်တည်ချက် ကတော့နိုင်ငံရေး အကျဉ်းသားပဲပေါ့' ဟု ဦးသိန်းညွှန့် ကပြောဆိုသည်။

ဖမ်းဆီး ခံကျောင်းသားများ လွတ်မြောက်ရေး အတွက်နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်က လည်း ကမ်ပိန်းများ လုပ်ဆောင် လျက်ရှိသည်။

ဒီမိုကရေစီပညာရေးကိုတောင်းဆိုသည့် သပိတ်မှောက်ကျောင်းသားအချို့မှာ မတ်လ ၁၀ရက်က ရဲတပ်ဖွဲ့၏ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုကို ခံရပြီး လက်ရှိ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံ ထားရသည်။

No comments: