Saturday, April 4, 2015

Samsung က အွန်လိုင်း လက်လီစတိုး စတင်ဖွင့်လှစ်

ထက်ထက်အောင်

Samsung ကုမ္ပဏီက အွန်လိုင်း စတိုး တစ်ခုဖြစ်သည့် Shop.com.mm နှင့် ပူးပေါင်းပြီး၍ ၎င်း၏ ထုတ်ကုန်များကို အိမ်တိုင် ရာရောက် ပို့ပေးမည့် အွန်လိုင်း လက်လီစတိုးစတင် ဖွင့်ကာရောင်းချ သွားမည်ဟု ဧပြီ ၃ ရက် ကကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းအွန်လိုင်း စတိုးတွင် Samsung ၏ ထုတ်ကုန် များဖြစ်သည့် စမတ်ဖုန်းများ၊ တက်ဘလက်များ၊ တီဗွီနှင့် ဒစ်ဂျစ်တယ် အသုံး အဆောင် အစုံအလင်အား Shop.com.mm တွင် ဝယ်ယူရ ရှိနိုင်ပြီ ဟုလည်းဖော်ပြ ထားသည်။

Shop.com.mm သည် မြန်မာနိုင်ငံ၏ အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပြီး၊ အီလက်ထရောနစ် ပစ္စည်းနှင့် ဖက်ရှင်အသုံးအဆောင်တွေများ၊ အိမ်အသုံး အဆောင်ပစ္စည်းနှင့် အလှအပဆိုင်ရာ ပစ္စည်းများ ကိုရောင်း ချပေးနေသည်။ ယင်းတွင် ဝယ်ယူသူများ သည်အော်ဒါမှာ ယူပြီးပါက ပစ္စည်းအိမ် အရောက် လာပို့ ချိန်တွင်ငွေပေးချေနိုင်ပြီး ကုမ္ပဏီတွင် ၇ ရက်အတွင်း ပစ္စည်းများ ပြန်လည်ပေးပို့နိုင်သော စနစ်ပြု လုပ်ပေး ထားသည်။

Shop.com.mm ကို ၂၀၁၄ ခုနှစ် ကမြန်မာနိုင်ငံတွင် စတင် မိတ်ဆက်ပေး ခဲ့ပြီး Rocket Internet ၏ လုပ်ငန်း ခွဲတစ်ခုဖြစ်ကာ Asia Pacific Internet Group (APACIG) ၏ တစ်စိတ်တစ်ပိုင်း လည်းဖြစ်ပါသည်။

Samsung ၏ ကြေညာချက်တွင် အွန်လိုင်းစတိုး(Webstore)ကို Shop.com.mm သီးသန့်တာဝန်ယူ ပေးမည်ဖြစ်ပြီး ထုတ်ကုန်များမှာယူလိုပါက www. shop. com.mm/samsung-store မှာ ဝင်ရောက်မှာယူရမည်ဖြစ်သည်။ ယင်းသို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ဈေးဝယ်သူများအနေဖြင့် Samsung စမတ်ဖုန်းများ၊ တက်ဘလက်များ၊ တီဗွီနှင့် ဒစ်ဂျစ်တယ် အသုံးအဆောင် များကို အွန်လိုင်းမှာပင် ရှာ၍ စိတ်ကြိုက် ရွေးချယ်မှာယူနိုင်မည် ဖြစ်ကာ မှာယူမှုကို အတည်ပြုပြီး ပါ က အိမ်တိုင်ရာရောက်ပို့ ပေးမည်ဖြစ်ပြီး ပစ္စည်းအားလုံးအတွက် ၁၂ လ တရားဝင် အာမခံပေးထားသည် ဟုဖော်ပြ ထားသည်။

နောက်ဆုံးပေါ် Samsung Galaxy S6 နှင့် S6 Edge ကို မှာယူလိုပါက Shop.com.mm တွင် ကြိုတင်မှာယူမှုများဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်းကုမ္ပ ဏီနှစ်ခုပူးပေါင်းဆောင်ရွက် ကာမြန်မာနိုင်ငံရှိ အလားအလာကောင်းမွန်သော E-commerce နှင့် စမတ်ဖုန်းဈေးကွက်အား ထိုးဖောက်နိုင်ရန် ရည်ရွယ်ထား သည်ဟုလည်း ဖော်ပြထားသည်။

Samsung ၏ Head of Marketing , Richard See ကSamsung အနေဖြင့်အင်တာနက်သုံးစွဲသူ များပြားလာသည့်မြန်မာနိုင်ငံတွင် အလားအလာ အများကြီး ရှိသော E-commerce အတွက် ကြိုးစားခြင်းဖြစ်ပြီး၊ သုံးစွဲ သူများကို အွန်လိုင်းဈေးဝယ်မှု အတွေ့ အကြုံ များရကာ အွန်လိုင်း စီးပွားရေး လုပ်ငန်း ကိုလည်း တိုး တက်ဖွံ့ဖြိုးလာစေချင်ကြောင်း၊ ကမ္ဘာတစ်လွှားတွင်လည်း လက်လီရောင်းချမှု စီးပွားရေးလုပ်ငန်း ပုံစံများသည် E-commerce အဖြစ် အသွင်ကူးပြောင်းနေ သည်ဟုပြော ကြားကြောင်းလည်း ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။

No comments: