Saturday, April 25, 2015

မြန်မာ့ ရုပ်မြင်သံကြား၊ Sky Net အပါအဝင် ရုပ်သံလိုင်းအချို့ကို နစ်နာကြေး သိန်းတစ်သောင်း နှစ်လအတွင်းပေးရန် ရွှေစင်စင်္ကြာ ထပ်တောင်း

Mizzima

ကားတိုက်မှုဖြစ်စဉ် တစ်ခုကို မှားယွင်းထုတ်လွှင့်ခဲ့သည်ဆိုကာ နစ်နာကြေး သိန်းပေါင်း တစ်သောင်းပေးရန် မြန်မာ့ ရုပ်မြင်သံကြား အပါအဝင် ရုပ်သံလိုင်းအချို့ကို ရွှေစင်စင်္ကြာ ကုမ္ပဏီ၏ အကျိုးဆောင်ရှေ့နေက ဧပြီလ ၂၄ ရက်တွင် နို့တစ်စာ ထုတ်ပြန်သည်။

"Sky Net in house channels, mntv, Sky Net, Shwe Than Lwin Media Co.,Ltd, MRTV-4, မြန်မာ့ ရုပ်မြင်သံကြား (MRTV), 4 DIGITAL တို့၏ မစဉ်းစား မဆင်ခြင် ပေါ့ဆ ပျက်ကွက်မှုများအပေါ် ကျွန်ုပ်အမှုသည် ကုမ္ပဏီ၏ အရပ်ရပ်နစ်နာမှုအတွက် အထွေထွေ လျှော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းတိတိကို နှစ်လအတွင်း ပေးအပ်ရန် တောင်းဆိုလိုက်ပါသည်" ဟု Daily Eleven သတင်းစာမှတစ်ဆင့် ကြေညာထားခြင်း ဖြစ်သည်။

No comments: