Monday, April 27, 2015

ဒေသထွက်ကုန်ဈေးကွက် နှင့် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရန် SSPP/SSA လူငယ်အဖွဲ့ ကွင်းဆင်းပညာပေး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA မှလူငယ် အဖွဲ့က ဒေသတွင်း မူးယစ် ဆေးဝါး ကင်းစင် ရေးအတွက် ရည်ရွယ်ကာ ပညာပေး လှုပ်ရှားမှု နှင့် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး ထွက်ကုန်ဈေး ကွက်အတွက် စီမံ ဆောက်ရွက် ပေးနေသည်ဟု သိရသည်။

ဧပြီလဆန်းကစပြီး သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် လူငယ်အဖွဲ့က ဒေသတွင်းလူထုတထောင်ကျော်နှင့်တွေ့ဆုံကာ ရွေးကောက် ပွဲ အတွက် ပညာပေးခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာ ပေးခြင်း၊ အိမ်နီးချင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မှု လျှော့ချနိုင်ရေးအတွက် ပညာပေးခြင်းတို့ ကိုပါ ဟောပြောခဲ့ပါသည်။ အဓိက ဒေသတွင်းလူထု မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရေး၊ ရာသီသီးနှံဖြင့် ဘိန်းအစား ထိုးစိုက်ပျိုးနိုင်ရေးအပြင် ကူးသန်းရောင်းဝယ်ရေးနှင့်ပို့ကုန်အဖြစ် စိုက်ပျိုးနိုင်စေရေး၊ ဒေသထွက်ကုန်များ အား ကုမ္ပဏီများ လက်ခံဝယ်ယူရန်ဈေးကွက် အတွက် ပြင်ဆင်ပေးခဲ့သည်ဟု ဆိုသည်။

၎င်းနှင့်ပတ်သက်၍ ဗိုလ်မှူးစိုင်းဆု က“ကျနော်တို့ ဥက္ကဌကြီး စဝ်ပန်ဖှ လမ်းညွှန်မှုနဲ့ပေါ့။ လူငယ်တွေက မိုင်းရှူး၊ တန့်ယန်း မြို့နယ်အ တွင်းေ န ဒေသခံလူထု ၁၀၀၀ ကျော်နဲ့တွေ့တယ်။ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးမှာ ကလိုက်စေ့ (သို့) ကြိတ်စေ့ (သို့) ပုလဲပုတီး ( သျှမ်းအခေါ် မတ်လွေ) ကို စိုက်ပျိုးဖို့ တိုက်တွန်းတယ်။ မတ်လွေ ဆိုရင် ယာဂုတွေ ဘာတွေလုပ်စား လို့ရတယ်။ ထမင်းအစားထိုး စားလို့ရ တယ်လေ။ တခြားဒေသကို တင်ပို့ ရောင်းချနိုင်အောင် ကုမ္မဏီတွေ၊ အဝယ်တော်တွေနဲ့ ဆက်သွယ်ပေးတယ်။ ဒါ့အပြင် ရွာအထိ ကားလမ်း အရောက်ဖောက်ပေး ထားတယ်။”
SSPP/SSA မှ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအတွက် ပညာပေးလှုပ်ရှား မှုပြုနေသော ကွန်ပန်ကွန်ခုံး ဒေသ တွင် ဒေသခံသျှမ်းများအပြင် လားဟူ၊ လိရှော၊ ၀ နှင့် မဲန့် လူမျိုးများ နေထိုင်ပါသည်။

အဆိုပါဒေသတွင် တောတောင် လျှိုမြောင်ဖြစ်သည့်အလျှောက် ဘိန်းစိုက် ပျိုးခြင်းဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်းပြုခဲ့ ပါသည်။

ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ဘိန်းထွက်အများ ဆုံးနိုင်ငံဖြစ်ကြောင်း UNODC က ပြော ဆိုပါသည်။ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ရှိ ဘိန်း ၉၆ % မှာ သျှမ်းပြည်မှ ဖြစ်ကြောင်း၊ ဘိန်းမှ ထုတ်လုပ် သည့် အိုက်စ်၊ ဘိန်းဖြူ၊ ယာဘ မူးယစ်ဆေးတို့သည်လည်း သျှမ်းပြည်မှထွက်ရှိေ ကြာင်း ပြောဆိုပါသည်။

သို့သော် သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းကမူ - တောင်သူလယ်သမား သျှမ်းပြည်သားတွေဟာ ပေါက်တူး ၄ ချက်ပေါက်မှ ထမင်းတနပ်စားရပါတယ်။ ပထမတချက်တူးတာက အစိုးရကို အခွန်ဆောင်ဖို့၊ ဒုတိယအချက်တူးတာက ဒေသတွင်းတိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေကိုအခွန်ဆောင်ပေးဖို့၊ တတိယအချက်က ရပ်ကွက်တွင်း သာရေးနာရေးအတွက်နဲ့ စတုတထ အချက်ပေါက်မှ မိသားစုအတွက် မိမိဝမ်းရေးအတွက် ရတာဖြစ်ပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုးရင် ၀င်ငွေများလို့ သျှမ်းပြည်သားအများစုက ဘိန်းစိုက်ပျိုး ရတာဖြစ်ပါတယ်- ဟုပြောဖူးပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည် နေပြည်တော် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းလက်မှတ် သဘောတူရေးထိုးထား သည့်တပ်ဖွဲ့ဖြစ်သည်။ တပြည်လုံးအပစ်ရပ်လက်မှတ်ရေးထိုးရေး အတွက် လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ NCCT တွင်လည်း ပါဝင်သည့် အဖွဲ့လည်းဖြစ်ပါသည်။

No comments: