Thursday, April 23, 2015

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖေါ်ပြမှုအတွက် The Voice သစ္စာတိုင် တောင်းပန်

Mizzima

ဧပြီလ ၂၁ ရက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမတွင် ပြုလုပ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံရိုက်ကာ အငြင်းပွားဖွယ်ရာ ဓာတ်ပုံ တစ်ပုံကို အင်တာနက် လူမှုကွန်ယက်တွင် တင်လိုက်မိသည့်အတွက် သစ္စာတိုင်တောင်းပန်ကြောင်း The Voice Weekly facebook တွင် ဖေါ်ပြသည်။

"အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အများအထင်အမြင်လွဲမှားစေနိုင်သည့် အငြင်းပွားဖွယ်ရာ ဓတ်ပုံတစ်ပုံ ပါဝင်သွားခဲ့ခြင်းအတွက် သက်ဆိုင်သူများကို အနူးအညွတ် လေးလေးစားစား တောင်းပန်အပ်ပါသည်" ဟု ရေးသားထားသည်။

လက်အုပ်ချီထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ပုံကို တမင်ဖန်တီလုပ်ကြံခြင်းမဟုတ်ဘဲ အခြေအနေအမှန်ကို ပကတိအတိုင်း မှတ်တမ်းတင် ရိုက်ထားခြင်းဟုလည်း The Voice က ဆိုသည်။

"စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာအားလုံးမှ ဘာသာရေးခေါင်းဆောင်အားလုံးကို အရှေ့တိုင်းနိုင်ငံအများစု၏ ထုံးစံနှင့်အညီ အပြန်အလှန် လေးစားကြောင်း လက်အုပ်ချီ နှုတ်ဆက်ခြင်းသာဖြစ်ပါသည်" ဟုလည်း ရေးသားသည်။

ယင်းဓာတ်ပုံအတွက် မယုံမကြည်ဖြစ်သူနေသူများ The Voice ရုံးခန်းသို့ သွားရောက် စစ်ဆေးနိုင်သည်ဟုလည်း ဆိုထားသည်။

"The Voice အွန်လိုင်း အယ်ဒီတာအဖွဲ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သော်လည်းကောင်း၊ စာဖတ်ပရိသတ်များကို သော်လည်းကောင်း နိုင်ငံသူ နိုင်ငံသား အားလုံးအပေါ်တွင်လည်းကောင်း မည်သည့်အခါမျှ မရိုးမသားစိတ်ဖြင့် လှည့်စားလိမ်ညာခဲ့ခြင်းမရှိကြောင်း အချိန်မရွေး သစ္စာပြုနိုင်ပါသည်။ ထိုသစ္စာစကား မှန်ကန်ပါက ကျွန်ုပ်တို့အပေါ် အထင်အမြင်လွဲမှား၊ စွပ်စွဲနေသူများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကာ အောင်မြင်ကြီးပွား တိုးတက်ကြပါစေ" ဟုလည်း ရေးသားထားသည်။

No comments: