Saturday, April 4, 2009

ထောက်လှမ်းရေးအရာရှိဟောင်း သမီး အသတ်ခံရ

မဇ္ဈိမသတင်းဌာန စနေနေ့၊ ဧပြီလ 04 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်တထောင်မြို့နယ်တွင်း ဖြစ်ပွား သော နှစ်လောင်း ပြိုင် လူသတ်မှု တွင် အသတ်ခံရ သူမှာ ယခင် ထောက်လှမ်း ရေး အရာရှိ တဦး၏ သမီးဖြစ် သည်ဟု ရဲသတင်း ရပ်ကွက်နှင့် ပတ်ဝန်း ကျင်နေသူ များ အပြောအရ သိရသည်။

ဒေါ်အေးအေးဝင်း (အသက် ၄၃ နှစ်) သည် ဖျက်သိမ်းခံရပြီးသော ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်းအရာရှိတဦး၏ သမီးတဦးဖြစ်ပြီး အတူသေဆုံးနေသူ ခင်ပွန်းဖြစ်သူ ဦးခင်မောင်လေး (အသက် ၄၆ နှစ်) သည် သင်္ဘောသား တဦးဖြစ်ပြီး မာလိန်မှုး စာမေးပွဲ ဖြေဆိုထားသူ ဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲတဦးက ပြောသည်။

ဒေါ်အေးအေးဝင်းသည် လွန်ခဲ့သည့် လေးနှစ်ခန့်က ပြောင်းရွှေ့လာခြင်းဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး နည်းပါးသူဖြစ်သည်ဟု အိမ်နီးချင်းများက ပြောသည်။

အနံ့ထွက် ပုတ်ပွနေသော ရုပ်အလောင်းများကို ဧပြီလ ၂ ရက်နေ့က အိမ်နီးနားချင်းများက တွေ့ပြီး ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့ည ၁၁ နာရီခန့်က အခင်းဖြစ်ပွားရာ နေအိမ်မှ ရုန်းရင်းဆန်ခတ်သံများကြားခဲ့ရပြီး အမျိုးသမီးတဦး၏ သတ်ပါ၊ သတ်ပါ ဆိုသော အသံကိုလည်း ကြားခဲ့ကြရသည်ဟု အိမ်နီးချင်းများက ပြောသည်။

No comments: