Thursday, October 8, 2009

မြန်မာ- ဘင်္ဂလာဒေခ်ျ့နယ်စပ် အခြေအနေ တဖြည်းဖြည်း ပိုမို တင်းမာလာ

Narinjara News

မြန်မာ- ဘင်္ဂလာနယ်စပ် အခြေအနေမှာ ယခုအခါ တဖြည်းဖြည်း ပိုမိုတင်းမာလာနေပြီး နှစ်ဘက်နိင်ငံအနေဖြင့် နယ်စပ် တလျောက်တွင် တပ် များ ကို ပိုမို အားဖြည့် ချထား လာနေကြသည်ဟု နယ်စပ် စစ်ရေး ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။

ထိုကဲ့သို့ အခြေအနေ တင်းမာလာသဖြင့် ဘင်္ဂလာဒေခ်ျ့ပြည်ထဲရေး ၀န်ကြီးဌာနမှ ဘင်္ဂလာရိုင်ဖယ်တပ်မှူးနှင့် ရဲတပ်ဖွဲ့မှူးချုပ်ထံသို့ နယ်စပ်တလျောက်တွင် တပ်အင်အားကို ဖြည့်တင်းပြီး အသင့်အနေအထားဖြင့် နေထိုင်ရန် ယမန်နေ့က ညွန်ကြားလိုက်သည်ဟု သိရသည်။

ဘင်္ဂလာရိုင်ဖယ် တပ်မှူး ဗိုလ်မှူးချုပ် မူဟာမတ် မိုင်နုန် အစ္စလာမ်ကလည်း တပ်အင်အားကို နယ်စပ်တလျောက်တွင် အားဖြည့် ချထားလိုက်ကြောင်းကို အတည်ပြု ပြောကြားပြီး ခွင့်ယူမည့် တပ်သားများ၏ခွင့်ယူခြင်းကိုလည်း လောလော ဆယ်တွင် ပယ်ဖျက်လိုက်ကြောင်း ပြောဆိုသည်။

လွန်ခဲ့သော သောကြာနေ့က စပြီးနယ်စပ် တလျောက်တွင် မြန်မာဘက်က ခြံစည်းရိုးများ စတင်ကာရံရာတွင် စစ်သား အများအပြားကို နယ်စပ်တလျောက်တွက် အားဖြည့် ချထားရာမှ အခြေအနေမှာ တင်းမာလာခဲ့သည်။

ဒေသဆိုင်ရာ သတင်းရပ်ကွက်အရ မြန်မာဘက်မှ မိမိတို့အနေဖြင့် ခြံစည်းရိုးကို ကိုက် ၂၀၀ အတွင်း ကာရံသွားမည် ဖြစ်ကြောင်း ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့အား အကြောင်းကြား ခဲ့သော်လည်း လက်တွေ့တွင် ကိုက် ၇၀ အတွင်းတွင်သာ မြန်မာဘက်က ကာရံနေသဖြင့် ဘင်္ဂလာဘက်မှ အကြီးအကျယ် ကန့်ကွက်မူများ ပြုလုပ်နေသည်ဟု သိရသည်။

ယခုအခါ ဘင်္ဂလာဘက်မှ နယ်စပ် တလျောက်တွင် တပ်အင်အားကို ဖြည့်တင်း ချနေသည် သာမက တခြားလိုအပ်သော စစ်ရေး ပြင်ဆင်မူများကိုလည်း ပြုလုပ်နေကြောင်း စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်အရ သိရသည်။

No comments: