Monday, October 12, 2009

ချဲထီဒိုင်ကြီးများ အကာအကွယ် ပေးနေတာ

မင်းပြားမြို့သူ၊ မြို့သားများ။

သို့ ...

အယ်ဒီတာခင်ဗျာ ...

ရခိုင်ပြည်နယ်ရှိ မင်းပြား မြို့နယ်သည် ရန်ကုန် - စစ်တွေ ကားလမ်းတွင် တည်ရှိပြီး စီးပွါးရေး ဖွံ့ဖြိုးကာ လယ်ယာ လုပ်ငန်းနှင့် ရေလုပ် ငန်းကို အဓိကထား လုပ်ကိုင်ကြကာ အေးချမ်း သာယာသော မြို့လေး တမြို့ ဖြစ်ပါသည်။ မင်းပြာမြို့နယ် သို့ ၂၀၀၅ ခုနှစ်မှစပြီး ၂ လုံး၊ ၃ လုံးချဲထီးများကို တရားဝင် သကဲ့သို့ ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့သဖြင့် မြို့နယ်နေ ပြည်သူများ အတွက် ဆင်းရဲတွင်း နက်စေ ပါတယ်။ မင်းပြားမြို့နယ် မှာ ရဲတပ်ဖွဲ့က ဆက်ကြေး ရယူကာ ချဲထီ လုပ်ငန်းကို လုပ်ကိုင် နေတာ ဒိုင် ၇ ဒိုင်ရှိပါတယ်။

ချဲဒိုင်ကြီး ၇ ဒိုင်ဟာ မင်းပြာမြို့မှ နေပြီး ပန်းမြောင်း၊ တပ်ရာ၊ သံလျင်၊ စွန်ရဲ၊ ခေါင်းလောင်းချောင်း၊ မသောကျေးရွားများသို့ လက်ခွဲဒိုင်များဖွင့်ပြီး တရားဝင် ၂ လုံး၊ ၃ လုံးထီများကို ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ရောင်းချနေကြပါတယ်။

ချဲဒိုင် တဒိုင်လျင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိန်းအဖွဲ့များအတွက် ၁ လလျင် ၃ သိန်း၊ သတင်းတပ်ဖွဲ့ အတွက် တလလျင် (၁)သိန်း၊ စရဖအတွက် တလ (၁)သိန်း၊ မယက ဥက္ကဌက တလလျင် ဒိုင်တဒိုင်လျင် ၂ သိန်းစီခွဲ၍ ရယူနေကြပါတယ်။

တပ်ရာရဲစခန်းအပိုင်းမှာ ရဲတပ်သားတယောက်က ဦးဆောင်ပြီး ၂ လုံးထီ ၃ လုံထီသာမက ဖုန်သာ၊ ပုလဲတောင်၊ ခွဆုံ၊ စစ်တရကျေးရွာတို့တွင် လောင်းကစားဝိုင်းများဖွင့်ပြီး တလကို ဖဲဝိုင်း တဝိုင်းလျင် ငွေ ၅၀၀၀၀ ကောက်ခံနေပြန်ပါတယ်။

ဒါပေမယ့် မင်းပြားမြို့နယ် ရဲတပ်ဖွဲ့ နယ်ထိန်းတွေဟာ အထက်ဌာနများသို့ လိုင်းကြေးခွဲပေးတဲ့အတွက် ခရိုင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲချုပ်ရုံးတို့ရဲ့ အကာအကွယ် ရနေပါတယ်ခင်ဗျား။

No comments: