Wednesday, June 16, 2010

တပ်မဟာ(၆)ဒေသဘက်တွင်တိုက်ပွဲထပ်မံဖြစ်ပွါး

ကိုသိုက် ၊ ကောင်းဝါ

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းရွာနှင့် ခုန်းခမ်းရွာအကြား ဇွန်လ(၁၄)နံက်(၉)နာရီအခိျန်တွင် မိခင် တပ်ရင်းကိုပြန်မည့် ခမရ(၂၈၄)တပ်ရင်းနှင့်တပ်မဟာ(၆)ဒေသ ကေအာန်ယူတပ်ရင်း(၁၆)တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ အဆိုပါခြုံခိုတိုက်ပွဲကြောင့် ခမရ(၂၈၄)ဘက်မှ (၃)ယောက်ထိခိုက်ဒါဏ်ရာရခဲ့သည်ဟု ဒေသ ခံ ရွာသားများမှပြောပါသည်။

ဇွန်လ(၁ဝ)ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့မရောက်ခင် ဇီးနှစ်ပင်ရွာနှင့် ရဲတံခွန်ရွာကြား၌ ခမရ(၄ဝ၁) တပ်ရင်းနှင့် (၄ဝ၉)တပ်ဖွဲ့ စစ်ယာဉ်တန်းများကို ကေအာန်ယူတပ်ရင်း(၁၆)မှ ခြုံခိုတိုက်ခိုက်ခဲ့သေးသည်။ ကေအာန်ယူဘက်မှထောင်ထားသော အဲဗါးမိုင်း(ခေါ်) ရှေ့ထွက်မိုင်းဒါဏ်ကြောင့် စစ်အစိုးရတပ်ဖွဲ့မှ ထိခိုက်မှု များပြားခဲ့သည်ဟုဒေသခံရွာသားတစ်ဦးက အခုလိုပြောပါသည်။

“ဗျူဟာက(၁၃)ယောက်ကျဆုံးသွားတယ်။ တော်တော်များများဒဏ်ရာရတယ်။ ကေအာန်ယူဘက် ကတော့ အဲဗါးမိုင်းဆွဲတဲ့အခါကျတော့ သူတို့မှာတော့ ထိခိုက်မှုမရှိဘူးပေါ့။ ရွာသားတွေလည်း ထိခိုက်မှု မရှိပါဘူး၊ ရွာနဲ့မနီးတဲ့နေရာဖြစ်တဲ့အတွက် ရွာသားတွေအပေါ် ရိုက်တာတို့ ဖမ်းတာတို့မရှိဘူး။”

ဇွန်လဆန်းမှစ၍ ကေအာန်ယူ နှင့်စစ် အစိုးရ တို့အကြား တိုက်ပွဲဖြစ်ပွါးမှု များပြားလာ သည့်အပေါ် ကေအာန်ယူ တပ်မဟာ(၆)၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး စောထဲနေ မှ ယခုလို ပြောပါသည်။

“အခုတလော (၆)လပိုင်း အတွင်း ထဲမှာတော့ တိုက်ပွဲတော့ တော်တော် လေးဖြစ်လာပြီး။ ဘာဖြစ် လဲဆို တော့ နအဖက ပိုပြီး လှုပ်ရှား လာတဲ့ အပေါ်မှာ ကျွန်တော်တို့ တပ်ကလဲ ကိုယ့်ကိုယ်ကို ပြန်လည်ပြီးတော့ ကာကွယ်တဲ့ အနေနဲ့ ကိုယ်နယ်မြေ ကို ကိုယ်ပြန်ထိမ်း တဲ့အနေနဲ့ ဒါတိုက်ပွဲဖြစ် တာဖြစ်တယ်။ တခြားသော ဒေသ မှာလဲ ထိုနည်း တူပေါ့။ ဥပမာ မွန်ပြည်သစ် ပါတီ နယ်မြေ ထဲမှာရော ကချင် တို့နယ်မြေ ထဲမှာရော ရှမ်းနယ် မြေထဲမှာ ရော ပိုပြီး တော့ဝင်ရောက် လှုပ်ရှား မယ်ဆိုလို့ရှိရင်တော့ ဒါ တိုက်ပွဲဖြစ် မှာတော့ သေချာတယ်။”

ကေအာန်ယူခေါ် ကရင် အမျိုးသား အစည်း အရုံးသည် နှစ်ပေါင်း(၆ဝ)ကျော် စစ် အစိုးရကို ဆန့်ကျင် တိုက်ပွဲ ဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ယခု အချိန်အထိ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခြင်း မရှိသေးသည့် ကရင် အမျိုးသား လက်နက်ကိုင် အဖွဲ့ တစ်ခုဖြစ်ပါသည်။

No comments: