Maung Maung Kar Luu
ပြီးခဲ့သည့်အပတ်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် က အားကစား ၀န်ထမ်းများနှုတ်ထွက်ခဲ့ကြ ကြောင်း ထုတ်လွင့် ပေးခဲ့လို့ များစွာ ကျေးဇူးတင်ပါတယ်။ အခုတော့ တောင်ကြီးခရိုင်အတွင်းရှိ အားကစားဝန်ထမ်း တွေအားလုံး နှုတ်ထွက်ကြဖို့ ပြင်ဆင်နေပါပြီ။
ဖြစ်စဉ် အကျဉ်းကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ အားကာ ဒုညွှန်ကြားရေးမှူး ဦးတင်မောင်ရီ ဟာ ရှမ်းပြည် နယ်အေး ချမ်းဖြိုးကောင်စီ က ထုတ်ပေးတဲ့ အား/ကာ ရံပုံငွေ တွေကို ဖြတ်ယူ သုံးစွဲခြင်း၊ ရုံးရံပုံ ငွေတွေ အလွှဲသုံးစား လုပ်ခြင်း ၊ ဒေသခံ တိုင်းရင်းသားများ တွေ မကြိုက်၊ ရွံရှာ မုန်းတီးတဲ့ လုပ်ရပ်ဖြစ်တဲ့ အောက်ခြေရုံးစာရေးမ တစ်ဦး - သူများ သားမယား ကို ခိုးယူပေါင်းသင်းနေကြောင်း ၊ အထက်ကိုတိုင်ကြားသော်လည်း လာရောက်စစ်ဆေးတဲ့ အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးအုန်းမြင့်ဦး ကိုငွေသိန်း(၃၀)ကျပ်ပေးပြီး အမှုကို ပပျောက်အောင် လာဘ်ထိုးခဲ့ပါတယ်။
ဒါ့အပြင် ရှမ်း/တောင် အား/ကာ ၀န်ထမ်းအားလုံးအပေါ်နိုင်ထက်စီးနင်း အထက်ဖား အောက်ဖိလုပ်နေပါတယ် .. ၀န်ကြီးဦးဆောင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီကို မဲမပေးရင် မိသားစုအားလုံး ထောင်ထဲဝင်ရမယ်လို့လည်း ခြိမ်းချောက် လျှက် ရှိ ပါတယ် .. ဒါကြောင့် ဒေသခံတိုင်းရင်းသားဝန်ထမ်းအားလုံးက ဦးတင်မောင်ရီ ကို ရှမ်းတောင်ကနေပြောင်းပေးဖို့ အထက် ကို တင်ပြထားပြီး မပြောင်းပေးပါကအလုပ်မှ အားလုံးထွက်ကြဖို့ ပြင်ဆင်ထားကြောင်း သတင်းပေးပို့ပါတယ်။
No comments:
Post a Comment