ခိုနုမ်းထုန်သတင်း၊
ချင်းပြည်နယ် ပြည်ထောင် စုကြံ့ခိုင် ရေးပါတီ နှင့် ဖွံ့ဖြိုးရေး ပါတီက ဒေသ အတွင်း စည်းရုံးရေး လုပ်ရာတွင် ပြည်ပ ရောက် ချင်း အမျိုး သားရေး လှုပ်ရှား သူများ အမည်ကို အသုံးချပြီး မဲဆွယ် စည်းရုံးကြ သည်ဟု သိရသည်။
ယခုလ ၇ ရက်နေ့တွင် ချင်းပြည်နယ် ပြည်နယ်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူး ချုပ် ဟုန်းငိုင် နှင့် ထန်တလန်မြို့နယ် အေးချမ်းသာယာရေးကောင်စီ ဥက္ကဌ အပါအ၀င် ကြံ့ဖွံ့ပါတီခေါင်း
ဆောင် တို့ သည် ထန်တလန်မြို့နယ်အတွင်း ဇေဖိုင်ရွာသို့ သွားရောက် ပြီး ပတ်ဝန်းကျင်ရွာ ၄ ရွာမှ ရယက အဖွဲ့ဝင်များ၊ ၀န်ထမ်းများ နှင့် လူထုအသင်းအဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူ စည်းရုံး ကြခြင်း ဖြစ်သည်။
“ နိုင်ငံတော်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်တော့မယ်၊ ပြည်ပရောက် ချင်းခေါင်းဆောင်တွေလည်း ၀င်လာကြ တော့ မယ်၊ အခုရွေးကောက်ပွဲ မှာတော့ ကျတော်တို့ပါတီကိုမဲပေးကြပါ၊ နောင်ရွေးကောက်ပွဲတွေကျ ယင်သူတို့ ကို မဲပေးကြပါလို့ ပြောကြတယ်” ဟုအမည်မဖော်လိုသူ ရယက ဥက္ကဌ တဦး က ပြောသည်။
“ ကြံ့ဖွံ့ပါတီဟာ အစိုးရဖွဲ့ကိုဖွဲ့မှာဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကိုပဲ မဲပေးကြဘို့ ပြောကြတယ် ” ဟု ဒေသခံ ရယက ဥက္ကဌ က ပြောသည်။
ဆက်လက်ပြီး ဒေသခံ အစိုးရ ၀န်ထမ်းတဦးက “ လှည့်စားတာပါ၊ ယုံနိုင်စရာမရှိပါဘူး ” ဟု ပြောသည်။
တဆက်တည်း ဗိုလ်မှူးချုပ်ဟုန်းငိုင်က ဒေသခံ ရယက ဥက္ကဌများအားကျေးရွာအသီးသီးမှ ကြံ့ဖွံ့ပါတီအတွက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းစီ မဲရရှိအောင် လုပ်ကြရန် မှာကြားသွားသည်ဟု သိရသည်။
အဆိုပါမဲဆန္ဒနယ်တွင်ချင်းအမျိုးသားပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေသခံဖြစ်သည့် ဦးရို ဘင် ယှဉ်ပြိုင် သွားမှာ ဖြစ်သောကြောင့် ကြံ့ဖွံ့ပါတီအတွက် စိတ်မချသဖြင့် မှာကြား သွားခြင်းဖြစ်သည်ဟု ပြော ဆိုကြသည်။
၎င်းမဲဆန္ဒနယ်အတွင်း ချင်းအမျိုးသားပါတီ သည် ပါတီစည်းရုံးရေး တကြိမ် ၀င်ရောက်ပြီးဖြစ်သည်။ ထန်တလန်မြို့နယ်မဲဆန္ဒနယ်တွင် ယူအက်စ်ဒီပီ ပါတီမှ ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဒေါက်တာမှူထန်း ၀င် ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
No comments:
Post a Comment