Friday, September 17, 2010

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသစာရင်း ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်

မောင်အေး

လာမည့် နိုဝင်္ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်အစိုးရမှ ကျင်းပ ပြုလုပ်မည့် ပါတီစုံ ရွေးကောက်ပွဲတွင် တိုင်းရင်းသား နယ်မြေ တချို့၌ ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေငြာသည်။

အဆိုပါ ကြေငြာချက်ကို MR TV မှ ယမန်နေ့ညနေ ၈ နာရီသတင်းတွင် ယခုကဲ့သို့ ကြေငြာသည်။

“ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများမှာ ကချင်-ကယား-မွန်-ကရင်-ကယားပြည်အတွင်းမှ ဒေသတချို့နှင့် ရှမ်းပြည်နယ် ပန်းဆိုးမြို့နယ် ၊နားဖန်၊ပန်ဝိုင်၊ မိုင်းမော၊ဟိုပန်၊ နမ်တစ်၊ နာဝီနှင့် မိုင်းခတ်ဒေသ များဖြစ်ကြပါတယ်။”

အဆိုပါဒေသများတွင် မည့်သည့်အကြောင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း သက်ဆိုင်ရာ နယ်မြေ ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်အစိုးရအကြား အဆင်မပြေမှုကြောင်း ဖြစ်သည်နိုင်သည်ဟု သုံးသပ် သူများက ပြောဆိုသည်။

တဘက်တွင်း နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရေး အတွက် စစ်အစိုးရဖိအားပေးမှုကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ငြင်းဆန်ခဲ့ပြီးနောက် အဆိုပါ ဒေသများ အနီးတ၀ိုက်တွင် စစ်ရေး ပြင်ဆင်မှုများကို စစ်အစိုးရမှ ပြုလုပ် လာကြောင်း သိရသည်။

No comments: