မင်းချမ်း၊ ကောင်းဝါ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေတရုပ်ပြည်ခရီးစဉ်တွင် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖြစ် နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီဝင် သူရဦးရွှေမန်းနှင့် အတွင်းရေးမှူး(၁) သီဟသူရဦးတင်အောင်မြင့်ဦးတို့လည်း လိုက်ပါသွားသည်ဟု စစ်အစိုးရသတင်းဌာနများမှ သတင်းဖေါ်ပြခဲ့သည်။
ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် သီဟသူရတင်အောင်မြင့်ဦးတို့မှာ အရပ်ဝတ်ပြောင်းလဲခဲ့သည့်သတင်း မှန်ကန်သော်လည်း လက်ရှိနအဖစစ်ကောင်စီတွင် တာဝန်ဆက်လက်ထမ်းဆောင်နေဆဲဟု စစ်အစိုးရမီဒီယာများမှ မသိမသာဖေါ်ပြခြင်း ဖြစ်သည်။
ထို့အတူ မြန်မာစစ်တပ်အတွင်း ရာထူးလှို့ဝှက်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း၌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ယခင်ရာထူးအတိုင်း ဆက်လက်တည်ရှိနေသည့် သတင်းဓါတ်ပုံကိုလည်း စစ်အစိုးရသတင်းမီဒီယာများတွင် ပထမအကြိမ် ဖေါ်ပြခဲ့သည်။
သို့ရာတွင် နေပြည်တော်တိုင်းမှူးနှင့်ဇနီးလိုက်ပါပို့ဆောင်သည်ကို နာမည်နှင့်တကွရေးသားဖေါ်ပြခြင်း မရှိခဲ့ပေ။
စစ်အစိုးရပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက “မီဒီယာကို မီဒီယာနဲ့တိုက်မယ်” ဟု ကြွေးကြော်ခဲ့သော်လည်း လက်ရှိစစ်ရာထူးအပြောင်းအလဲများတွင် စိတ်ဓါတ်စစ်ဆင်ရေးပြုလုပ်နေသကဲ့သို့ စစ်အစိုးရမှ သတင်းများရေးသားဖေါ်ပြနေသည်ဟု အကဲခတ်အချို့ဝေဖန်ပြောဆိုကြသည်။
ယင်းကဲ့သို့ အရေးကြီးသောစစ်ရာထူးများ ပြောင်းလဲခန့်အပ်ရာ၌ ပြည်သူအများသိရှိစေရန် အစိုးရတွင်တာဝန်ရှိသော်လည်း တပ်တွင်းမကျေနပ်ဖြစ်မှုများရှိနေကြသဖြင့် သတင်းမထုတ်ပြန်ခြင်းဖြစ်သည်ဟု သတင်းများတွင် သုံးသပ်မှုများရှိသည်။
စစ်အစိုးရတပ်ဖွဲ့များအတွင်း တပ်ရင်းတပ်ဖွဲ့များ၌ လစာနှင့် အိမ်သုံးစားသောက်စရိတ်များ မကာမိသောကြောင့် တပ်တွင်းအာဏာဖီဆန်မှုများ ဖြစ်ပေါ်နေကြောင်း ဘီဘီစီသတင်းဌာနမှ မကြာခဏထုတ်လွှင့်ခဲ့သည်။
No comments:
Post a Comment