ခိုနူမ်းထုန်သတင်း
စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ယူအက်ဒီပီ) က ချင်းပြည်နယ် ဖလမ်းမြို.နယ်တွင် ၄င်း တို့ပါတီဝင်များအား ကြိုတင်မဲ ပေးခိုင်းမှုများပြုလုပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့ ကစပြီး ဖလမ်းမြို့ နယ် ရွေးကောက်ပွဲ ကော်မီရှင်က ခရီးဝေးသွားလာမည့် ကြံ့ဖွံ့ ပါတီဝင်များ နှင့် အခြားဒေသသို့ အပြောင်းရွှေ့ လုပ်မည့်ဝန်ထမ်းများအား ကြိုတင်မဲပေးခိုင်းခဲ့ခြင်းဖြစ် သည် ဟုဒေသခံများ၏ အဆိုအရသိရသည်။
“ကြံ့ဖွံ့ပါတီတွေအတွက် သတ်သတ်လုပ်တာပါ၊ မဲဘယ်လောက်ရရှိတယ် ဆိုတာ ကြိုသိချင် လို့ပါ” ဟု မြို့ နယ်ကော်မီရှင်အဖွဲ့ဝင်တဦးက ပြော သည်။ သို့သော် အဆိုပါမဲများသည် နိုဝင်ဘာ ၇ ရက်နေ့တွင် အတည် ပြုမပြုကိုမူ ဆက်လက် မပြောပြချေ။
စီပီပီပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနာ့ထန်းကတော့ “ကြိုတင် မဲပေးဖို့ သက်ဆိုင်ရာက တရားဝင် အကြောင်းကြားတာ မရှိဘူး၊ ကော်မီ ရှင်နဲ့ ယူအက်စ်ဒီပီတွေ အချင်းချင်းနားလည်မှူနဲ့ လုပ်သွားတာပါ ” ဟု ပြောသည်။
ယနေ့ထိ မဲပေးသူ ၂ဝ ခန့်သာရှိသေးကြောင်း၊ ကြံ့ဖွံ့ကိုယ်စားလှယ် လောင်း နာ မည်များကို ဗမာဘာသာဖြင့် မဲပြားမှာ ရေးထားကြသဖြင့် စာမ တတ်သူများကို မဲရုံးမှူးတွေက အတတ်နိုင် ဆုံးကူညီကြသည်ဟု သိရ သည်။
“မဲပုံးကို ကော်မီရှင်ရုံးမှာ ထားတယ်၊ မဲပုံး တခု နဲ့ မဲပြားက သုံးခုဖြစ်တယ်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ်လွှတ်တော်သုံးရပ် အတွက်ဖြစ်တယ်” ဟု ဒေသခံ က ပြော သည်။
ဖလမ်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွံ့ပါတီမှဝင် ရောက်ယှဉ်ပြိုင်ကြမည့်အမတ်လောင်း များမှာ အမျိုးသားလွှတ်တော်အဖြစ် ဦး Sailianceu နှင့် Daw Sui Tluai ၊ ပြည်သူ့ လွှတ်တော်အဖြစ် Pu Lal thiang hlim ဖြစ်ပြီး ပြည်နယ်လွှတ်တော်အဖြစ် Pu Ngunlal နှင့် ဦး Ca mang တို.ဖြစ်သည်။
ဖလမ်းမြို့နယ်တွင် ကြံ့ဖွံ့၊ စီပီပီ၊ စီအဲန်ပီ၊ တစည ပါတီများမှ ကိုယ်စားလှယ် များ ၀င်ရောက် အရွေးခံမည်ဖြစ် သည်။ ရွေးကောက်ပွဲကော်မီရှင်ရုံုးကို ယခင်မြို့နယ် စိုက်ပျိုးရေး ရုံးတွင် ဖွင့်လှစ် ထားသည်။
အလားတူ ဖလမ်းခရိုင်တွင်တည်ရှိကြသည့် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ထန်တလန်မြို့နယ် များတွင် လည်း ယခုလ ၂၅ မှစပြီး ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ပေးရန် စီစဉ်နေသည်ဟု ပြောကြသည်။
၁၉၉ဝ ခုနှစ် အတွေတွေရွေးကေါက်ပွဲကာလတွင် ကော်မီရှင်က တနိုင်ငံလုံး တရား ၀င်ကြို တင်မဲပေးခွင့်ကို တလ ခွင့်ပြုခဲ့သည်။
No comments:
Post a Comment