မနေ့က စတင် ခဲ့တဲ့ အမျိုးသား ဒီမို ရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း စည်းရုံးရေး ခရီး စဉ်မှာ ဒေသ ခံတွေ ထောင်သောင်း ချီပြီး ကြိုဆို ခဲ့ပါ တယ်။လာမယ့် ဧပြီ လမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ပါတီ အတွက် စည်းရုံးရေး ခရီးစဉ် ဖြစ်ပါ တယ်။
မနေ့က လားရှိုး မြို့ကို သွားရောက် ခဲ့ပြီး လမ်း တလျှောက်က ဒေသခံ တွေဟာ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အလံ တွေကို ဝှေ့ရမ်းပြီး ရှမ်းရိုး ရာ အတီး အမှုတ် အက တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တခမ်း အနား ကြိုဆိုကြ ပါတယ်။
လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားကြီးက ကွင်းပြင်မှာ ဒေါ်အောင်ဆန် စုကြည်က ထောင်သောင်း ချီတဲ့ ပရိ သတ်ကို ပြည်ထောင်စု စိတ် ဓာတ် အရေးကြီး တဲ့အကြောင်း မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။
“တိုင်းရင်းသားလူမျိုးစု မြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်တာကြောင့် ကျမတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တိုင်းရင်းသား ပေါင်းစုံရဲ့ မျှော်မှန်းချက်တွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ လိုအပ်ချက်တွေ၊ အဲဒါတွေ အားလုံးကို စဉ်းစားမှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ခဲ့တဲ့ ပြည်သူတဦးက “ကျောသားရင်သား မခွဲခြားဘဲ ပြည်သူလူထုရဲ့ ရပ်တည်ပေးမယ့် ပုဂ္ဂိုလ်ဖြစ်လို့ လူထုကထောက်ခံအားပေးပါတယ်ခင်ဗျ။”လို့ ပြောဆိုခဲ့ပါတယ်။
လားရှိုး မြို့ဟာ မြန်မာ - တရုတ် နယ်စပ်မြို့ ဖြစ်တာ ကြောင့် ဒေါ်အောင် ဆန်း စုကြည်က တရုတ် - မြန်မာ ဆက်ဆံရေး အကြောင်း အလေးပေး ပြောကြား ခဲ့ပါ သေးတယ်။“ပထ၀ီ အနေအထားအရ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးတည်ကတည်းကကျမ တို့ အိမ်နီးချင်းနိုင်ငံ ဖြစ်ခဲ့တာပါ။ ကျမတို့ရဲ့ ဒီမိုကရေစီ အစိုးရ ရှိတုန်းက လည်း နိုင်ငံရေးမှာ အဆင်ပြေခဲ့ပါတယ်။ ပြဿနာတွေ အင်မ တန်မှနည်း ပါတယ်။ ဒီလိုနည်းဖို့ ဆိုတာဟာ နှစ်ဖက်စလုံးက နားလည် မှုတွေ ရှိရမယ်။ ကျမတို့လိုချင်တဲ့ ဆက်ဆံမှုက နှစ်ဖက်စလုံးက နားလည်မှု ရှိခဲ့တဲ့ ဆက်ဆံ မှုမျိုးပဲ။ အဲဒီလို ဆက်ဆံမှု မျိုးကို ကျမ တို့က တည်ဆောက် သွား မှာ ပါ။ ကျ မတို့ ပြည်သူတွေ မနာ စေရမယ့် ဆက်ဆံ မှုမျိုး၊ ကျမတို့ နိုင်ငံမှာလာ ပြီး စီးပွား ရှာသူ တွေ လည်း မနာစေ ရ ဘူး။ နှစ်ဖက် အမြတ် ရမှ စီးပွား ရေး လုပ်ငန်း တခုက အကျိုး ရှိတယ်လို့ ကျမ ကတော့ အားလုံးကို နားလည် စေချင် တယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ကြားရတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမ တဦးကလည်း သူ့ရဲ့မျှော်လင့်ချက်တွေကို မျက်ရည် တွေ နဲ့ “ကျ မက ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့ အလုပ်သမ တယောက်ပါ။ ပြည်ပမှာ ရောက်နေတဲ့ ကျမတို့ မြန်မာနိုင်ငံက နိုင်ငံသားများကို အ မြန်ဆုံး ပြန်ရောက်လာနိုင်အောင် ကြိုးစားစေချင်ပါတယ်။”လို့ ဒီဗွီဘီကို ရင်ဖွင့်ပါတယ်။
မနေ့က စခဲ့တဲ့ ဒီခရီးစဉ် နှစ်ရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းလူမျိုးတွေ အများစုနေထိုင်တဲ့ သိန္နီကို သွားခဲ့ပါတယ်။
လားရှိုး၊ သိန္နီ၊ မိုင်းရယ်နဲ့ ကွမ်းလုံမြို့နယ်တွေ အတွက် အကြုံးဝင်တဲ့ အမျိုးသားလွှတ်တော် နေရာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လက် ရှိ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အမတ်လောင်းဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ကို ကိုယ်စားပြုပြီးတော့ ယှဉ်ပြိုင် အနိုင် ရထားခဲ့တဲ့ စိုင်းမြင့်မောင် ဖြစ်ပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူလို့ ခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေလည်း ဒီ မဲဆန္ဒ နယ်မှာ ၀င်ပြိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment