Saturday, March 10, 2012

တောင်ယာခင်း​ဖျက်တဲ့​ ကုမ္ပဏီကို တရား​စွဲ

အေး​နိုင်

စစ်ကိုင်း​တိုင်း​ မုံရွာခရိုင် ကနီမြို့​နယ်မှာ ​တောင်သူ​တွေရဲ့​ ​ပြောင်း​၊​ နှမ်း​ခင်း​ကို ဖျက်ဆီး​ခဲ့​တဲ့​အတွက် တင်ဝင်း​ထွန်း​ ကုမ္ပဏီကို နစ်နာတဲ့​ ​တောင် သူ​တွေက တရား​စွဲဆိုလိုက်ပါတယ်။

မြေထိုး​စက်နဲ့​ထိုး​ပြီး​ ဖျက်ဆီး​ခံရတဲ့​ ​တောင်သူ ၇၇ ဦး​က နစ်နာမှု​တွေကို ရလို​ကြောင်း​ မုံရွာခရိုင် တရား​ရုံး​မှာ မတ် ၈ ရက် ​နေ့​က စွဲဆိုတာ လို့​ ဥပ​ဒေအကြံ​ပေး​ တရား​လွှတ်​တော်​ရှေ့​နေ ဦးမြင့်သွင်က ​ပြောပါတယ်။

ဒီလို ဖျက်ဆီး​တာဟာ ၂ နှစ်​လောက်ရှိပြီ ဖြစ်​ပေမယ့်​ အခုမှ ​တောင်သူ​တွေက ​ရှေ့​နေ​တွေကို ကိုယ်စား​လှယ်လွှဲပြီး​ တရား​စွဲဆိုကြတာပါ။

ဒီ​မြေ​တွေဟာ ၁၉၉၉ ခုနှစ် ​လောက်ကတည်း​က သက်ဆိုင်ရာက လယ်ယာ​တွေ ​ဖော်​ဆောင်ခိုင်း​ပြီး​ ရွာ​တွေ တည်ခိုင်း​ခဲ့​တယ်လို့​ ဆိုပါ တယ်။ ၁ဝနှစ်ခန့်​ အကြာ ၂၀၁၀ ဝန်း​ကျင်ကျမှ တင်ဝင်း​ထွန်း​ ကုမ္ပဏီက သစ်​တော​ရေး​ရာ ဝန်ကြီး​ဌာနက ခွင့်​ပြုချက်အရ ​မြေလွတ်​မြေရိုင်း​ဖော်​ဆောင်ဖို့​ ဆိုပြီး​ ​မြေတူး​စက်နဲ့​ ထိုး​တာလို့​ ဆိုပါတယ်။

ဒီလိုဖျက်ဆီး​တဲ့​အတွက် ​မြေ ၁၀၃ ဧက​လောက် ဖျက်ဆီး​ခံရပြီး​ တန်ဖိုး​အား​ဖြင့်​ သိန်း​ ၂၀၀ ဝန်း​ကျင်​လောက် နစ်နာဆုံး​ရှုံး​ခဲ့​တယ်လို့​ ဦး​မြင့်​သွင်က ​ပြောပါတယ်။ အမှုကို လာမယ့်​ မတ်လ ၁၅ ရက်​နေ့​ ချိန်း​ဆိုထား​ပါတယ်။

တောင်သူ​တွေဟာ သူတို့​ရဲ့​ နစ်နာချက်ကို လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေ၊​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို)နဲ့​ စစ်ကိုင်း​တိုင်း​ ဝန်ကြီး​ချုပ်နဲ့​ စစ်တိုင်း​မှူး​တွေအထိပါ တိုင်ကြား​ခဲ့​ပေမယ့်​ အ​ကြောင်း​ မထူး​တာ​ကြောင့်​ ​ရှေ့​နေ​တွေနဲ့​ တိုင်ပင်ပြီး​ တရား​စွဲဆိုတာ ဖြစ် ပါတယ်။

No comments: