Monday, March 5, 2012

နိုင်ငံ၏ ​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ပြည်သူကပဲ ဖန်တီး​နိုင်ဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော

ရွှေအောင်

နိုင်ငံရဲ့​ ​ကောင်း​ကျိုး​ဆိုး​ကျိုး​ကို ဖန်တီး​နိုင်တာ ပြည်သူလူထုပဲ ဖြစ်တယ်။ ပြည်သူလူထုရဲ့​အား​ဟာ အလွန်ကြီး​မား​ပါတယ်လို့​ မတ်လ ၄ ရက်၊​ တနင်္ဂ​နွေ​နေ့​မှာ ပြုလုပ်တဲ့​ စစ်ကိုင်း​မြို့​ လူထု​ဟော​ပြောပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

စစ်ကိုင်း​မြို့​ ဧရာဝတီ သဲ​သောင်ပြင်မှာ ပြုလုပ်တဲ့​ စစ်ကိုင်း​မြို့​ လူထု​ဟော​ပြောပွဲကို ​ဒေသခံပြည်သူ တသိန်း​ခွဲ​လောက် တက်​ရောက် နား​ထောင်ခဲ့​ကြပြီး​၊​ ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က မိနစ်နှစ်ဆယ်ကြာ မိန့်​ခွန်း​ ​ပြောကြား​ခဲ့​တဲ့​အ​ကြောင်း​ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ပြည်သူလူထုရဲ့​အား​ ဆိုတာကို သူ့​ရဲ့​ အခုမန္တ​လေး​နဲ့​ စစ်ကိုင်း​ခရီး​စဉ်အတွင်း​ ​ဒေသခံ လူထုကြိုဆိုပုံနဲ့​ ဥပမာ​ပေး​ပြီး​ ​ပြောကြား​သွား​တာ ကို လည်း​ ဦး​အုန်း​ကြိုင်က ခုလို ​ပြောပြပါတယ်။

“မှတ်သား​စရာ ဥပမာ​လေး​တခုကို သူ​ပြောတယ်။ လမ်း​မှာ သူလာတဲ့​အခါ လူ​တွေက ကား​ပေါ်က​နေ လက်ပြပြီး​ နှုတ်ဆက်ရုံနဲ့​ လူ​တွေက မ​ကျေနပ်ဘူး​။ ပန်း​စည်း​တွေ ပန်း​ကုန်း​တွေနဲ့​ ကြိုကြတယ်။ အမျိုး​သား​တွေ​ရော အမျိုး​သမီး​တွေပါ ပါတယ်တဲ့​။ သူက​တော့​ သူ့​ကို လက်ဆွဲ နှုတ်ဆက်တဲ့​သူကို မငြင်း​ချင်တာနဲ့​ လက်ဆွဲနှုတ်ဆက်တာ​တွေ လုပ်တယ်တဲ့​။ အမျိုး​သား​တွေက အလွန်ညင်သာတယ်တဲ့​၊​ အ မျိုး​သမီး​တွေ က​တော့​ တခါတည်း​ ဆုပ်ကိုင်ထား​တတ်တယ်တဲ့​။ ဒါက ဘာကို ​ပြောချင်တာလဲဆို​တော့​ အမျိုး​သား​တွေက သူတို့​ အား​ရှိမှန်း​ သူတို့​ သိ တယ်တဲ့​။ အား​ရှိမှန်း​သိ​တော့​ သူတို့​အား​ကို သိပ်မသုံး​ဘူး​တဲ့​။ သိပ်မသုံး​တဲ့​အခါကျ​တော့​ သိမ်သိမ်​မွေ့​မွေ့​လေး​ပဲ လုပ်တယ်။ အမျိုး​သမီး​တွေက​တော့​ အား​မရှိဘူး​ဆိုတဲ့​ အသိနဲ့​ ကိုင်မိပြီဆိုရင် အား​ပြုမိတယ်တဲ့​။ နှုတ်ဆက်တဲ့​သူ​ရော သူ​ရော အန္တရာယ် ​ရောက်သွား​နိုင်တယ်​ပေါ့​။ ကား​ပေါ်က​နေ နှုတ်ဆက်ရတာကိုး​။ အဲဒီလိုပဲ ပြည်သူလူထုမှာလည်း​ အား​မရှိဘူး​ မထင်နဲ့​တဲ့​ ပြည်သူလူထုအား​က အရမ်း​ကြီး​မား​တယ် တဲ့​။ အဲဒါကို အား​ဖြစ်​အောင် တကယ်လက်​တွေ့​ လုပ်နိုင်​အောင် သွား​ဖို့​ပဲ ဖြစ်တယ်တဲ့​။”

မတ်လ ၃ ရက်က မန္တ​လေး​လူထု ​ဟော​ပြောပွဲမှာ သူကျန်း​မာ​ရေး​မ​ကောင်း​လို့​ မြို့​လူထုကို အား​နာတဲ့​အ​ကြောင်း​နဲ့​ ဒီ​နေ့​မှာ​တော့​ သူ့​ကျန်း​မာ​ရေး​ကောင်း​နေပြီ လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က စစ်ကိုင်း​လူထုကို ​ပြောကြား​ခဲ့​ပါတယ်။ ဒါ့​အပြင် ဧပြီတရက်မှာ မဲ​ပေး​ကြဖို့​ တိုက် တွန်း​သွား​တယ်လို့​လည်း​ သိရပါတယ်။

အဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မတ်လ ၄ ရက် မနက်ပိုင်း​မှာ မန​လေး​မြို့​က သက်​တော်ရှည် ​ရွှေကျင်သာသနာပိုင်ဆရာ​တော်ကြီး​နဲ့​ အမရပူရ၊​ မဟာဂန္ဓာရုံ​ကျောင်း​တိုက် ဆရာ​တော်ကြီး​တို့​ကိုလည်း​ သွား​ရောက် ဖူး​မျှော်ကြည်ညိုပြီး​ ကန်​တော့​ခဲ့​ပါတယ်။

မန္တ​လေး​မြို့​က​နေ စစ်ကိုင်း​မြို့​အသွား​ လမ်း​တ​လျှောက်မှာလည်း​ ​ဒေသခံပြည်သူ ​သောင်း​နဲ့​ချီပြီး​ လိုက်လံနှုတ်ဆက် ကြိုဆိုခဲ့​ကြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ စစ်ကိုင်း​မြို့​က အပြန်မှာ​တော့​ မန္တ​လေး​ ​ဈေး​ချို​တော်ဘက် ကား​နဲ့​လှည့်​ပြီး​ ​ဈေး​ချို​တော် မိသား​စုကို နှုတ် ဆက်ခဲ့​ပါ​သေး​တယ်။

ည​နေပိုင်း​မှာ​တော့​ မန္တ​လေး​တောင်ဟိုတယ်မှာ အနား​ယူခဲ့​ပါတယ်။ မတ်လ ၅ ရက်၊​ တနင်္လာ​နေ့​မှာ​တော့​ နွား​ထိုး​ကြီး​၊​ မိတ္ထီလာနဲ့​ ​နေပြည်​တော်တို့​ကို ပါတီစည်း​ရုံး​ရေး​ခရီး​စဉ်အဖြစ် ဆက်လက် သွား​ရောက်မှာ ဖြစ်ပါတယ်။

No comments: