Monday, March 12, 2012

ကေအိုင်အိုနှင့်​ အစိုး​ရ သ​ဘောတူညီချက် ၅ ချက် ရရှိ

နော်နိုရင်း

ကေ အိုင် အို(ကချင်လွတ်​မြောက်​ရေး​အဖွဲ)နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်တို့​ တရုတ်နိုင်ငံ ​ရွှေလီမြို့​က သုံး​ရက်ကြာ ​ဆွေး​နွေး​ပွဲမှာ အ ချက် ၅ ချက် သ​ဘောတူညီခဲ့​ကြတယ်လို့​ ထုတ်ပြန်ထား​ပါတယ်။

လက်မှတ်​ရေး​ထိုး​တာမျိုး​ မရှိ​သေး​ဘဲ ဒီသ​ဘောထား​ထုတ်ပြန်ချက်နဲ့​ ​နောက် ပိုင်း​မှာ ရက်သတ်မှတ်ပြီး​ ဆက်လက်​တွေ့​ဆုံဖို့​ ရှိတယ်လို့​ ​ကေ အိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။

“အချက် ၅ ချက်မှာ အ​ရေး​အကြီး​ဆုံး​ အချက်က ပြဿနာ ဖြစ်ပွား​နိုင်တဲ့​ ​ဒေသများ​ရှိရင် နှစ်ဖက်ဂိတ်​စောင့်​များ​ကို နှစ်ဦး​နှစ်ဖက် သ​ဘော တူညီမှု ရရှိသည်အထိ ​ဆွေး​နွေး​ပြီး​မှ ရရှိပြီး​သော သဘောတူညီချက်များ​ကို ရက် သတ်မှတ်ပြီး​ ​ဆောင်ရွက်သွား​ရန် ဖြစ်သည်။ ”

မတ်​လ​ ​၁၀​ ​ရက်​နေ့​မှာ ပြီး​ဆုံး​သွား​တဲ့​ အဲဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဖက် ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှုများ​ကို အား​ရ​ကျေနပ်မှုရှိခြင်း​၊​ ​ဆွေး​နွေး​ပွဲ​တွေ ကို တကြိမ်ထက်တကြိမ် ပိုမိုတိုး​တက်ဖြစ်ထွန်း​ပြီး​ ယုံကြည်မှုများ​ ပိုမို တည်​ဆောက်နိုင်ခဲ့​ခြင်း​၊​ ​ဆွေး​နွေး​မှု​တွေကတဆင့်​ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ ​ဆွေးနွေး​ပွဲ​တွေ ပြုလုပ်သွား​ဖို့​နဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲရလဒ်အရ စစ်​ရေး​အရှိန်များ​ ​လျော့​ချသွား​ရေး​ စတဲ့​အချက်​တွေ သ​ဘော တူညီခဲ့​ကြပါတယ်။

နှစ်ဖက် ကျယ်ကျယ်ပြန့်​ပြန့်​ ​ဆွေး​နွေး​ခဲ့​ပြီး​ ​ကေအိုင်အိုဘက်က အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်ထိုး​ဖို့​အတွက် ယုံကြည်မှုရှိဖို့​အ​ကြောင်း​နဲ့​ ဆုတ်ခွာ​ပေး​ရမယ့်​တပ်​တွေအ​ကြောင်း​ကို ​ဆွေး​နွေး​ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

“ဒီ​ဆွေး​နွေး​ပွဲမှာ သူတို့​ (အစိုး​ရ)တပ်ပိုင်း​ဆိုင်ရာက ဆုံး​ဖြတ်နိုင်တဲ့​သူ​တွေ ပါမလာဘူး​။ အဲဒါ​ကြောင့်​ ဒီသ​ဘောထား​ ထုတ်ပြန်ချက်ကို ထုတ်ထား​ပြီး​ ​နောက်တခါ ​ဆွေး​နွေး​တဲ့​အခါ ဒီကိစ္စကို အ​ကျေအလည် ​ဆွေး​နွေး​သွား​ဖို့​ သ​ဘောတူထား​ပါတယ်။”

ကေအိုင်အိုနဲ့​ ဦး​အောင်​သောင်း​ ဦး​ဆောင်တဲ့​ ပြည်​ထောင်စု ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ပြီး​ခဲ့​တဲ့​ ကြာသပ​တေး​နေ့​ကစပြီး​ ​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​တာပါ။ ​နောက်တကြိမ် ​ဆွေး​နွေး​ပွဲကို ရက်သတ်မှတ်ထား​ခြင်း​ မရှိ​သေး​ဘူး​လို့​လည်း​ သိရပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ဟာ ၁၉၉၄ ခုနှစ်ကတည်း​က လက်မှတ်ထိုး​ပြီး​သား​ဖြစ်ပြီး​ စစ်အစိုး​ရ မဖျက်သိမ်း​ခင် မှာ အပစ်ရပ်အဖွဲ့​တွေကို နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ခိုင်း​တာ၊​ လက်နက်ချခိုင်း​တာ​တွေ ဖြစ်ခဲ့​အပြီး​မှာ အပစ်ရပ်သ​ဘောတူညီချက်ပျက်ပြီး​ တိုက်ပွဲ​တွေ ပြန်ဖြစ်​နေတာပါ။

ဆွေး​နွေး​မှု​တွေ ပြုလုပ်​နေ​ပေမယ့်​လည်း​ ​ကေအိုင်အို နယ်​မြေအတွင်း​​ တိုက်ပွဲချိုကြား​​ ​ဖြစ်ပွားနေသေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

No comments: