Thursday, March 15, 2012

ဒေါ်အောင်ဆန်းစုကြည် မဲပေးမည်မဟုတ်

ရွှေအောင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် ဟာလာ မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒ မဲပေးမှာ မဟုတ်တော့ဘူးလို့ ပါ တီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ် ၀င်းက ဒီဗွီဘီကို ပြောပါတယ်။

မဲပေးဖို့အတွက် သူမလက်ရှိနေထိုင်ရာ ဗဟန်းမြို့နယ်ကနေ ၀င်ရောက် ရွေးချယ် ခံမယ့် ကော့မှူးမြို့နယ်ကို ပုံစံ (၁၀) သန်းခေါင် စာရင်း ပြောင်း ရွှေ့ဖို့ လိုအပ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်များတာ ကြောင့် သန်းခေါင် စာရင်းပြောင်းဖို့ အချိန်မပေးနိုင်တဲ့ အ တွက်သာ ဖြစ်ပြီး၊ မဲ မပေးချင် လို့ မဟုတ်ပါကြောင်း ဦးဥာဏ်ဝင်း က ရှင်းပြပါတယ်။

ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတ၀န်း လှည့်လည်ပြီး ပါတီကို မဲပေးကြဖို့ လူထုကို မဲ ဆွယ် စည်းရုံး နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးခံမယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ခုနှစ်သောင်း ရှစ်ထောင် ကျော် ရှိပြီး၊ ကြံ့ခိုင်ရေး ပါတီက ဒေါက်တာစိုးမင်း၊ ညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေး ပါတီက ဦးတင်ရီတို့ နဲ့  ယှဉ်ပြိုင် ရမှာပါ။

No comments: