အစိုးရ သစ် လက်ထက်မှာ စာနယ်ဇင်း သမားကို ပထမဆုံး အကြိမ် တရား စွဲဆိုမှု အဖြစ် မော်ဒန် ဂျာနယ်က သတင်းထောက် တဦးနဲ့ အယ်ဒီတာ တ ဦး တို့ဟာ တရား ရင်ဆိုင် ရမှာ ဖြစ်ပြီး ဒီလ ၂၃ ရက် နေ့မှာ စတင် စစ်ဖို့ ရုံးချိန်း ထားပါတယ်။သပိတ်ကျင်း မြို့နယ်က ကားလမ်း ပျက်စီး ချွတ်ယွင်း နေတဲ့ သတင်း ဆောင်းပါးကို ရေးသား ဖော်ပြ ခဲ့တဲ့ မော်ဒန် ဂျာနယ်က သတင်း ထောက် မသက်စု အောင်နဲ့ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ နှစ်ဦး တရားစွဲ ခံရ တာပါ။
တရားစွဲ ဆိုသူက ဆောက်လုပ်ရေး ၀န်ကြီး ဌာန သပိတ်ကျင်း မြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီ ဖြစ်ပြီး အသရေ ဖျက်မှုနဲ့ စွဲဆို ထားတာ ဖြစ်ပါတယ်။ ဒီလ ၆ ရက်နေ့က မသက်စု အောင်နဲ့ တာဝန်ခံ အယ်ဒီ တာတို့ နှစ်ဦး သပိတ်ကျင်း မြို့နယ် တရား ရုံးကို သွား ရောက် ခဲ့ပြီး အာမခံ ယူခဲ့တယ်။
“အာမခံလုပ်ပြီးတာနဲ့ ညီမတို့ရဲ့ ရှေ့နေ ကိုယ်စားလှယ် လွှဲတယ်ပေါ့နော်။ ဒါကို လုပ်ပြီးတော့ နောက်လာရမယ့် ရုံးချိန်း တခုကို တရားသူ ကြီးက သတ်မှတ်ပေးလိုက် ပါတယ်။ ညှိပြီးတော့ပေါ့။ အဲဒါ ဒီလ ၂၃ ရက်နေ့ မနက် ၁၁ နာရီမှာ ပြန်ချိန်းပါတယ်။ ပုဒ်မ ၅၀၀/၁၀၉ နဲ့ နှစ် ယောက်စလုံးကတော့ ဒီတခုတည်းပဲ အကျုံးဝင်ပါတယ်။”
သူတို့နှစ်ဦးကို အသရေဖျက်မှုနဲ့ သီးခြားစီ စွဲဆိုထားတာပါ။ ဒီဆောင်းပါး အနှစ်ချုပ် ကတော့ တံတား ဖြတ်သန်းရာမှာ ၁၃ တန်ထက်ပိုတဲ့ ယာဉ်တွေ မဖြတ်ရဘဲ လမ်းလွှဲက ဖြတ်ဖို့ ဆိုင်းဘုတ်ရှိပေမယ့် ပျက်စီးချွတ်ယွင်းနေတဲ့ လမ်းလွှဲက မဖြတ်ချင်တဲ့ ကုန်ကားတွေဟာ ၁၃ တန်ထက် ပိုပေမယ့်လည်း ငွေပေးပြီး တံတားပေါ်က ဖြတ်ကြတယ်။
ဒီပိုက်ဆံဟာ မြို့နယ် အင်ဂျင်နီယာက ကောက်ခိုင်းတာလို့ ကားသမားတွေနဲ့ ငွေကောက်သူတွေကို မေးပြီး သတင်း ဆောင်းပါး ရေးထား တာ ဖြစ်ပြီး ဒီလမ်းလွှဲတွေ ပြုပြင်ဖို့ ရေးသားထားပါတယ်။
အမှုနဲ့ပတ်သက်လို့ သူတို့ရှေ့နေတွေကို မေးမြန်းကြည့်တဲ့အခါ လာမယ့် ရုံးချိန်းမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးတဲ့အခါ ဥပဒေ ရဲ့ လိုအပ်ချက်တွေနဲ့ ပြန်လှန် မေးခွန်း မေးမြန်းထောက်ပြဖို့ ရှိတယ်လို့ ဖြေပါတယ်။ တရားရုံး မတက်ခင် အသေးစိတ် မဖြေနိုင်ပါဘူးလို့ ဆိုပါတယ်။
No comments:
Post a Comment