Wednesday, March 7, 2012

ချင်းကျောင်းသားများသမဂ္ဂဖွဲ့စည်းရေး တောင်ဖီလာ သဘောထား ထုတ်ပြန်ချက် ဖော်ဆောင်ပြီ .

ခိုနူမ်းထုန် သတင်းဌာန


ကလေးတက္ကသိုလ်အသီးသီးမှ ချင်းကျောင်သားများက ဖေဖေါ်ဝါရီ ၂၀ ချင်းအမျိုးသား နေ့တွင် ဆုံးဖြတ်ခဲ့ သည် ချင်းကျောင်းသား သ မဂ္ဂ ဖွဲ့စည်းရေး တောင်ဖီလာ သဘောထား ထုတ်ပြန်ကြေညာချက်ကို ၂၀၁၂ ခုနှစ် မတ်လ (၄) ရက် နေ့ တနင်္ဂနွေနေ့တွင် အ ကောင် အထည်ဖော်ဖွဲ့စည်းလိုက်ပြီဟု သိရသည်။

တောင်ဖီလာသဘောာထားထုတ်ပြန်ချက်အတိုင်း ကလေးမြို့ရှိ တက္ကသိုလ်ကျောင်းအသီး သီးမှ ချင်းစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော် မီ တီမှ ခေါင်းဆောင်များ၊ ချင်းပြည်နယ် မြို့နယ်ကျောင်းသားမိသားစုမှ တာဝန်ရှိများ သည် ကလေးမြို့ စမ်းမြို့ ရပ်ကွက် Youth Center တွင် တွေ့ဆုံပြီး ချင်းကျောင်းသားများ သမဂ္ဂ၊ တက္ကသိုလ်များ – ကလေးကို တရားဝင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

ချင်းကျောင်းသားများ သမဂ္ဂ၊ တက္ကသိုလ်များ- ကလေးသည် -ပါတီနိုင်ငံရေး၊ ဘာသာရေး ကင်းရှင်းသည့် လှုပ်ရှားမှုများဖြင့် ချင်းစာ ပေ နှင် ယဉ်ကျေးမှုကော်မီတီကို ပံ့ပိုးယင်း ကျောင်းသားများအရေး၊ ကျောင်းသားများ အခွင့်အရေးအတွက်၎င်း ကလေးတက္ကသိုလ် ကျောင်း သားများ ကိုယ် စားပြု အဖွဲ့အစည်းအဖြစ်သော်၎င်း၊

-တနိုင်ငံလုံးတက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် တက္ကသိုလ်နယ်မြေအတွင်း ကျောင်းသားအခွင့်အရေး၊ လွတ်လပ်စွာ ပညာ သင်ကြား ရေး ၊အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ သာတူညီမျှရေး၊ ငြိမ်းချမ်းရေး နှင့် စစ်မှန်သည့် ဖက်ဒရေ ပြည်ထောင်စု အရေး များအတွက် တွေးခေါ်မြော်မြင်ဆွေးနွေး လေ့လာလှုပ်ရှားမှုများကို ဦးဆောင်မည့် ကျောင်းသား သမဂ္ဂပြန်လည်ပေါ်ပေါက်ရေးကို သော်၎င်း၊-ချင်းအမျိုးသားရေးရာများတွင် ချင်းအမျိုးသားလူထု၏ ဆန္ဒနှင့် အမျိုးသားရေးခံယူချက်များ အပေါ်တည် မှီပြီး လှုပ် ရှားသွားမည်ဟု ၄င်းတို့၏ မတ်လ ( ၄) ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁ /၂၀၁၂ တွင် ဖော်ပြထာသည်။

ဆက်လက်ပြီး အနာဂါတ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှခြင်း စည့် လောက ပါ လတရားများနှင့် အကြမ်းမဖက်မေတ္တတရားကို အခြေခံသည့် ကျောင်သားလှုပ်ရှားမှုအဖြစ် တဖက်တ လမ်းမှ ပါဝင်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်၊

“သမဂ္ဂ တရားဝင်မှတ်ပုံတင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်၊ တပြည်လုံး တက္ကသိုလ်အသီးသီး မှာတိုးချဲ့ဖွဲ့စည်းပြီး တော့ Center ဖွဲ့စည်းမှုအောက်မှာ ဆက်လက်လုပ်ဆောင်ဖို့ လုပ်ငန်းစဉ်တွေချမှတ် ထားတယ် ”ဟု ပြော ရေး ဆို ခွင့်ရှိသူတဦးက ပြော သည်။

သမဂ္ဂကို အထွေထွေအတွင်းရေးမှူးဦးဆောင်မှုအောက်တွင် ချင်းစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မီတီ အသီးသီးမှ ကိုယ်စား လှယ်များ ပါဝင်စေလျက် အလုပ်အမှုဆောင်ကော်မီတီဝင် အနည်းဆုံး ၉ ဦးဖြင့်ဖွဲ့စည်း လိုက်သည်ဟု သိရသည်။

ကလေးတက္ကသိုလ်သည် မြန်မာတပြည်လုံး ချင်းကျောင်းသား၊သူများ တက်ရောက်သည့် တက္ကသိုလ် ကျောင်းဖြစ်သည်။

No comments: