Wednesday, March 14, 2012

မန်းငြိမ်းမောင်အား တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်မူ နိုင်ငံရေးအရ မသင့်တော်ဟု ရှေ့နေကြီး တစ်ဦးမှ ပြောကြား

နိရဉ္စရာ

ကရင် အမျိုးသား အစည်းအရုံးမှ ဗဟိုကော်မီတီဝင် ဖဒို မန်းငြိမ်းမောင် အား ထောင်ဒဏ် တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ပေးလိုက်ခြင်းသည် နိုင်ငံရေးအရ မလျော်ညီဟု နာမည်ကြီး ရှေ့နေ ဦးအောင်သိန်း က နိရဉ္စရာသို့ ပြောသည်။

" ငြိမ်းချမ်းရေး ရဖို့အတွက် လက်တကမ်း အလိုမှာ ဖြစ်နေ ပါပြီ။ ရမည့် ဆဲဆဲ အခုလို အခြေ အနေမျိုး ရောက်နေတဲ့ အ ချိန်မှာ KNU ရဲ့ဗ ဟို ကော်မီ တီဝင် မန်းငြိမ်းမောင် တယောက်ကို တစ်သက် တစ်ကျွန်းပြစ် ဒဏ်ပေး လိုက်ခြင်းဟာ မလျော် ကန်ဖူးလို့ နိုင်ငံရေး အရ ပြောရ မှာ ဖြစ်ပါ တယ်။ မန်းငြိမ်း မောင်ကို ခုလို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချတယ် ဆိုတဲ့ ဟာမျိုး မပြုလုပ် သင့်ဘူး။ အကယ်၍ ငြိမ်းချမ်း ရေးဟာ တစုံတရာ အဖု အထစ်တွေ ဖြစ်သွားမယ် ဆိုရင် မန်းငြိမ်း မောင်ဟာ ထောင်ထဲ မှာဘဲ နိဂုံး ချုပ်သွား နိုင်တဲ့ အနေ အထား ရှိတယ် လို့ကျွန် တော် မြင်ပါ တယ်" ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ယခုကဲ့သို့ ဖဒို မန်းငြိမ်းမောင်ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ဦးအောင် သိန်း က ယခုလို ထောက်ပြပြောဆိုပါသည်။

" ဥပဒေပိုင်းဆိုင်ရာ အရတော့ သူက KNU ရဲ့ ဗဟိုကော်မီတီဝင် ဖြစ်တယ်။ နိုင်ငံတော် အစိုးရကို တလျှောက်လုံး တော်လှန် ပုန်ကန် နေ သူ ဖြစ်တဲ့အတွက် နိုင်ငံတော် ပုန်ကန်မှုနဲ့ ဥပဒေကြောင်းအရ သူ့အပေါ်မှာ အရေးယူ ဆောင်ရွက်တာကိုတော့ ဥပဒေကြောင်းအရ ကျွန် တော် မပြောလိုပါဘူး။ ဒါပေမယ့် ဒီကနေ့ အချိန်အခါဟာ နိုင်ငံရေး အခြေအနေတွေ အပြောင်းအလဲ ဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်တဲ့ အတွက် ဒီလို မန်းငြိမ်းမောင်ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ် လိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်နိုင်ပါတယ်" ဟု ဦးအောင်သိန်းက ဆက်ပြောသည်။

ဖဒို မန်းငြိမ်းမောင်ကို အင်းစိန်ထောင် အထူးတရားရုံးတခုဖြစ်သော ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက မတ ရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)ဖြင့် မတ်လ ၁၃ ရက်နေ့ (မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့) တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ် သည်။

ဖဒို မန်းငြိမ်းမောင်ကို လွန်ခဲ့သည့်နှစ် ဇူလိုင်လက တရုပ်ပြည် ကူမင်းလေဆိပ်ကနေ မြန်မာပြည်ကို ပြန်ပို့ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥ ပဒေပုဒ်မ ၁၃(၁)ဖြင့် ထောင် ၆ လ အပြစ်ပေးခံခဲ့ရသည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေး သည့်နေ့တွင် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ် မံ တရားစွဲဆိုခံရပြိး ယခုကဲ့သို့ တစ်သက်တစ်ကျွန်း ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်း ဖြစ်သည်။

ဖဒို မန်းငြိမ်းမောင်ကို ပါလီမန် ဒီမိုကရေစီ အစိုးရလက်ထက်ကလည်း နိုင်ငံတော် ပုန်ကန်မှုဖြင့် တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ် ခံ ရသူလည်း ဖြစ်သည်။

No comments: