ဒီဗွီဘီ
မြန်မာ တပ်မ တော်ဟာ မြန်မာ ပြည်က နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုတွေ အပေါ်မှာ အပြည့် အဝ ထောက်ခံမှု ရှိတယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး လည်းဖြစ်၊ အစိုးရ အဖွဲ့ရဲ့ အတွင်း လူလို့ သိကြတဲ့ ဦးကိုကိုလှိုင်က ပြောလိုက် ပါတယ်။
ထိုင်း သတင်းစာ တစောင် ဖြစ်တဲ့ နေရှင်း သတင်း စာရဲ့ အယ်ဒီတာ ချုပ်နဲ့ မေးမြန်း တဲ့အခါမှာ ဦးကိုကိုလှိုင်က ပြောလိုက် တာပါ။ အရင် စစ် အစိုးရ အဖွဲ့ရဲ့ အကြီး အကဲ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကလည်း လက်ရှိ နိုင်ငံရေး အခြေ အနေ သစ်တွေကို နောက်ကွယ် ကနေ ကြိုးကိုင် ညွန်ကြား တာမျိုး မရှိဘဲ၊ လုံးဝ အနားယူ သွားပြီလို့ ဦးကိုကိုလှိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ချခံခဲ့ရသူ ဖြစ်တဲ့အတွက် စစ်တပ်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု မရှိသေးတာကလည်း သဘာဝကျတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိလည်း ဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။
လက်နက်ကိုင် သူပုန်ထမှုတွေ သက်တမ်းရှည်ကြာနေတဲ့ မြန်မာ့နိုင်ငံမှာစစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့လည်း သမ္မတရဲ့ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment