သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ဒေသခံများ၏ ယာမြေ ၅ ဧက ကျော်ကို နှင်းနှင်းခိုင်ကုမ္မဏီနှင့် အုပ်စုဥက္ကဌတို့ ပူးပေါင်း သိမ်းပိုက် ကာ အဆိုပါယာမြေများ၌ မြန်မာစစ်တပ်မှ ထင်းများခုတ်ယူနေကြောင်း လားရှိုးဒေသခံများက ပြောသည်။
“နှင်းနှင်းခိုင်ကုမ္မဏီနဲ့ တာပုံကျေးရွာအုပ်စု ဥက္ကဌစိုင်းစံညွန့်တို့က လုံးလှမောင်၊ စိုင်းထွမ်း၊ စိုင်းရွှေလှနဲ့ နောက် ၂ ဦး စုစု ပေါင်း ရွာသား ငါးဦးပိုင်တဲ့ ယာမြေ ၅.၂ ဧကကိုသိမ်းယူတယ်။ အဲဒီယာကထွက်တဲ့ ပြောင်းဖူး၊ ဝါးရုံ၊ မယ်စလီပင်တွေကို ခမရ ၅၀၇ စစ်တပ်က စစ် သားတွေက ခုတ်ယူနေပြီ” - ဟု လားရှိုးဒေသခံ စိုင်းမိဏ်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တာပုံဥက္ကဌနှင့်အတူနှင်းနှင်းခိုင်ကုမ္မဏီ မန်နေဂျာဦးကြည်နှင့် တာဝန်ခံစိုင်းအောင်တို့ အဆို ပါ ယာမြေများ အား တိုင်းတာကာ ယာမြေပိုင်ရှင်များအား အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းကြောင်း တာပုံဒေသခံတဦး ကလည်း ပြောသည်။
“နှင်းနှင်းခိုင်ကုမ္မဏီက လားရှိုးမြေတိုင်း ဦးအောင်ထွန်းလွင်ကိုခေါ်ပြီး သူတို့သိမ်းယူမယ့်မြေတွေကိုတိုင်းယူနေတယ်။ အဲဒီ ပိုင်ရှင် ၅ ယောက်ကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ လျော်ကြေးတော့မပေးဘူး။ ပိုင်ရှင်ကလက်မှတ်မထိုးတော့ ဖမ်းမယ် ဆီးမယ် ခြိမ်းခြောက် တယ်။ ရွာသားတွေက ကျားဖြူပါတီကိုတိုင်မယ်ပြောတော့ - အဲဒီမန်နေဂျာက - ဒါ တိုင်းမှူးဆီက ဝယ် ထားတာ။ ခင်ဗျားတို့တိုင်လဲ အပို ဘဲတဲ့။ မြေယာပိုင်ရှင်တွေကတော့ဘာဘဲဖြစ်ဖြစ်လက်မှတ်မထိုး ဘူးလို့ပြောတယ်။ ဘယ်လိုဆက်ဖြစ်လာမလဲမသိဘူး” ဟု ဆိုပါသည်။
တာပုံဥက္ကဌ စိုင်းစံညွန့်ကလည်း အဆိုပါ ယာပိုင်ရှင် ၅ ဦးအား “ ဟိုနား ဒီနားတိုင်မယ်လို့မင်းတို့ပြောနေတာ တိုင်တိုင် မတိုင်တိုင် မင်းတို့ဘာလုပ်နိုင်လို့လဲ” ဟုပြောကြောင်းအပြောခံရသည့်ယာပိုင်ရှင်နှင့်ရင်းနှီးကျွမ်းဝင်သူတဦးကပြော သည်။
နှင်းနှင်းခိုင်ကုမ္မဏီသည် (အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ပူးပေါင်းကာ အာဏာသုံး၍ ) သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း ဖက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်နေသည့် ကုမ္မဏီတခုဖြစ်သည်။
No comments:
Post a Comment