
မွန်ပြည်နယ် မော်လမြိုင် စည်းရုံးရေး ခရီးစဉ်အတွက် မဲဆွယ် ဟောပြောမည့် နေရာကို ရွှေ့ပြောင်းလိုက်ရကြောင်း အမျိုးသား ဒီမို ကရေ စီ အဖွဲ့ချုပ် NLD (မော်လမြိုင်) က ပြောသည်။
မတ်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့၌ စည်းရုံးဟောပြောမည့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် ယခင်က မော်လ မြိုင်မြို့ ဘိုကုန်းရပ်ရှိ စည်ပင်ပိုင် သံလွင်ဥယျာဉ်တွင် ဟောပြောခွင့် ရရန် နှစ်ကြိမ်တိုင် လျှောက်ထားခဲ့သော်လည်း ခွင့်မပြုသဖြင့် ကော်မ ရှင် အဖွဲ့ခွဲရုံးမှ အကြောင်းလာခြင်း ဖြစ်သည်ဟု မော်လမြိုင်မြို့ NLD ရုံး ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။
“သံလွင်ဥယျာဉ်စီမံကိန်းက စတော့မယ်၊ ဟောပြောပွဲ လုပ်ရင် လူတွေများလို့ ဥယျာဉ် ပျက်စီးမယ်လို့ အကြောင်းပြတယ်။ ဒါ့ကြောင့် ကျ နော်တို့ကို ခွင့်မပြုတာ” ဟု ဦးကိုကိုဇော်က ပြောသည်။
သံလွင်ဥယျာဉ်ကို အသုံးပြုခွင့်ရရန် သက်ဆိုင်ရာ ကော်မတီသို့ နှစ်ကြိမ်တိုင် တင်ပြခဲ့ပြီး ပယ်ချခံရသဖြင့် မော်လမြိုင်မြို့နှင့် ၆ မိုင်အကွာ ကျိုက်မရောမြို့နယ်အသွား မော်တော်ကားလမ်းနဘေးရှိ ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းကို ထပ်မံတင်ပြခဲ့ရာ မတ်လ ၇ ရက်နေ့တွင် ခွင့်ပြုချက် ရရှိခဲ့သည်ဟု သူက ပြောသည်။
ကျွဲခြံကုန်းရွာ ဘောလုံးကွင်းမှာ သံလွင်ဥယျာဉ်အောက် လူဝင်ဆန့်မှု နည်းပြီး မြို့နှင့် အလှမ်းဝေးသည့်အတွက် သွားလာရေး အခက်အခဲ ရှိနိုင်ကြောင်း ဦးကိုကိုဇော်က ပြောသည်။
“အခု ဟောပြောပွဲ လုပ်မယ့်နေရာကို ရောက်ဖို့ ကားတွေ ဆိုင်ကယ်တွေနဲ့မှ သွားလို့ ရမယ်၊ လမ်းလျှောက်ပြီး သွားလို့မရဘူးဆိုတော့ လာ နားထောင်တဲ့လူတွေ နည်းနိုင်တယ်” ဟု သူက ပြောသည်။
သံလွင်ဥယျာဉ်တွင် လူသုံးသိန်းကျော် ဝင်ဆန့်မည် ဖြစ်ပြီး၊ ကျွဲခြံကုန်းရွာ ဘောလုံးကွင်းသည် လူတသိန်းခန့်သာ ဝင်ဆန့်မည်ဟု သူက ခန့်မှန်းသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို စနေနေ့ နံနက်တွင် မော်တော်ကားဖြင့် ရန်ကုန်မှ စတင်မည် ဖြစ်ပြီး၊ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များသို့ ဝင်ရောက်ကာ မွန်းလွဲပိုင်းတွင် မော်လမြိုင်သို့ ရောက်ရှိမည် ဖြစ်သည်။
၎င်းညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel တွင် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်မည်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမို ကရေစီအဖွဲ့ (MNDF) ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွား သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအေးမြင့် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် နေရာ ဖြစ်သည်။
ထိုနေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးအောင်သန်းဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲအောင်နိုင်ရေးနှင့် စည်းရုံးရေး ခရီးစဉ်များအတွင်း လှည်းကူး၊ မန္တလေး၊ တံတားဦး၊ မိတ္ထီလာနှင့် နေပြည် တော် စသည်တို့တွင် ဟောပြောပွဲ ပြုလုပ်ရန် နေရာအခက်အခဲနှင့် ကြုံခဲ့ရပြီး အချို့မြို့များတွင် လယ်ကွင်းပြင်များနှင့် သဲသောင်ပြင် များ တွင် ဟောပြောခဲ့ရသည်။
No comments:
Post a Comment