နန်းမြနဒီ
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန် အက်ဖ်စီ) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေဟာ အစိုးရနဲ့ အပစ် ခတ်ရပ်ရေး ကိစ္စမှာ တဖွဲ့ ချင်းဆီ ဆွေးနွေး ပေမယ့်လည်း နိုင်ငံရေး အရ ဆွေးနွေးတဲ့ အခါကျရင် အားလုံး တညီ တညွတ်တည်း ဆွေးနွေး သွားကြ မယ်လို့ ထုတ် ဖော် ပြောကြား လိုက်ပါ တယ်။
ထိုင်း နယ်စပ် တနေ ရာမှာ ပြီးခဲ့တဲ့ ဖေဖော် ၀ါရီလ ၂၄ ရက် ကနေ ၂၇ ရက် နေ့ အထိ ၄ ရက်တိုင် အစည်း အဝေး ကျင်းပပြီး ဆုံးဖြတ် ချက် ချခဲ့ တာလို့ ယူအန် အက်ဖ်စီ တွဲဖက် အထွေထွေ အတွင်း ရေးမှူး – ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“တဖွဲ့ ချင်းဆီ အပစ် အခတ် ရပ်စဲရေး အဆင့် တွေမှာ လက်မှတ် ထိုးပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့် မှာတော့ ယူအန်အက်ဖ်စီ အ နေနဲ့ သိုက်သိုက် ၀န်းဝန်း စုစု စည်းစည်း နိုင်ငံရေး ဆွေးနွေး ပွဲမှာ ၀င်ရောက် ဆွေးနွေးဖို့ အဲ့ဒါတွေ သဘော တူကြ တာပါ။
ယူအန်အက်ဖ်စီ မဟုတ်တဲ့အဖွဲ့တွေ ၀၊ မိုင်းလား၊ အက်စ်အက်စ်အေ (တောင်ပိုင်း)၊ အေအယ်လ်ပီ၊ အပြင်ရောက်နေတဲ့ အဖွဲ့တွေကိုပါ တခါတည်း တိုင်းရင်းသားအင်အားစုများ အဖွဲ့ဆိုပြီး အကုန်လုံး ပေါင်းထည့်ပြီးတော့ နိုင်ငံရေး ဆွေးနွေးဖို့ပါ။”
အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် ယူအန်အက်ဖ်စီဘက်က အစိုးရကို အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပြီး အစိုးရ ဘက်က လည်း တဆင့်ချင်း လက်ခံသွားဖို့ ရှိတဲ့အကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အစိုးရနဲ့ အပစ်အခတ်ရပ်ရေး ဆွေး နွေးပြီး လက်မှတ်ထိုးတဲ့အခါ ဒီအချက်ကိုပါ ထည့်သွင်းထားတဲ့အတွက် နိုင်ငံရေးဆွေးနွေးတဲ့အခါ အားလုံးဆွေးနွေးဖို့ လမ်းပွင့် သွား တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၁ဖွဲ့ ပါဝင်ပြီး ချင်းအမျိုးသား တပ်ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ။ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီတို့ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။
လောလောဆယ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီတို့နဲ့ နောက်ထပ် ဆွေးနွေးဖို့ စီစဉ်နေဆဲဖြစ်ပြီး ကျန်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပလောင်အမျိုးသားတပ်ဦး၊ ၀ အမျိုးသား အဖွဲ့ချုပ် တို့က တော့ အစိုးရနဲ့ မဆွေးနွေးရသေးပါဘူး။
No comments:
Post a Comment