ဥပဒေ အရ ကြိုတင်မဲ ပေးခွင့် ရှိသူ မှအပ အခြား မဲဆန္ဒ ရှင် များဟာ မဲရုံတွေမှာပဲ မဲပေး ကြရမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောဆို လိုက်ပါ တယ်။ကြိုတင်မဲ ပေးခွင့် ရှိသူ အုပ်စု ၂ ခု ရှိပြီး ဒီအုပ်စု တွေထဲမှာ မဲဆန္ဒနယ် ပြင်ပရောက် တပ်မ တော် သားတွေ၊ ကျောင်းသား တွေ၊ သင်တန်း သား တွေ၊ အချုပ် သားတွေ၊ အသက်ကြီး သူတွေ၊ နာမကျန်း ဖြစ်တဲ့ သူတွေ၊ အချုပ် ခန်းထဲ ရောက်နေ တဲ့သူတွေ ပါဝင် တယ်လို့  မတ် ၇ ရက် နေ့ထုတ် သတင်းစာ တွေမှာ ပါရှိတဲ့ ကော်မ ရှင်ရဲ့ နှိုးဆော် ချက်ထဲမှာ ဖော်ပြ ထားပါ တယ်။
ဒီတိုက်တွန်း နှိုးဆော် ချက်နဲ့ ပတ်သက်ပြီး သဃင်္န်းကျွန်း မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးသိန်း ညွန့်က မှတ်ချက် ပေး ပြော ပါတယ်။
“ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတဲ့အချက်တွေထဲမှာ အရေးအကြီး ဆုံး ကတော့ ကြို တင်မဲတွေက ရပ်ကွက်မှာပေးတဲ့ ကြိုတင် မဲ တွေ အားလုံးက မနက် မိုးလင်းရင် မဲရုံဖွင့်တာနဲ့ ရက်ကွက်မဲရုံတွေကို ရောက်လာဖို့၊ နောက် ညနေ မဲရေတွက်တဲ့အခါ အဲဒီကြိုတင်မဲ တွေ ကို အရင်ရေတွက်ဖို့ လိုတယ်။ ရေတွက်တဲ့အခါမှာလည်း သက်သေ ၁၀ ယောက်အပါအ၀င် ပြင်ပ က စောင့်ကြည့် လေ့လာတဲ့ အဖွဲ့တွေ ကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုဖို့ လို တယ်။ မဲရုံထဲမှာ ၁၀ ယောက်ပေါ့။ မဲရုံအပြင်မှာ ၁၀၀ ရှိချင်လည်း ရှိမယ်။
ဒုတိယ အချက်ကတော့ မြို့နယ်ကော်မရှင်ရုံးကို ပို့တဲ့မဲ။ ဒီမဲတွေကို ညနေ ၄ နာရီ အရောက် မြို့နယ်ကော်မရှင်ကို ပို့ဖို့လိုတယ်။ မြို့နယ် ကော်မရှင်မှာလည်း မဲတွေကို ရေတဲ့အခါမှာ ကြိုတင်မဲတွေကို ပထမဆုံး စရေဖို့လိုတယ်။ အဲဒီလို ရေတွက်တာ ၂ ခုကို လုပ်လိုက်ပြီးရင် ရပ်ကွက်ကျေးရွာရုံကို မနက် ၆ နာရီပို့၊ ညနေ မဲရေတဲ့အခါ ကြိုတင်မဲကို စရေ။ ဒီလို မြို့နယ်ကော်မရှင်ခွဲကို ၄ နာရီအရောက်ပို့၊ ပို့တာနဲ့ အရင်ဆုံး ကြိုတင်မဲကို စရေ၊ အဲဒီလို စလုပ်လိုက်ရင် ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ ၂၀၁၀ တုန်းက ဖြစ်တဲ့ အဖြစ်အပျက်မျိုး အများကြီး တားဆီးနိုင်ပါတယ်။”
၁၉၉၀ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ သူ့အတွေ့ အကြုံအရ ကြိုတင်မဲ ရေတွက်တဲ့အခါမှာ ပြင်ပက စောင့်ကြည့် လေ့လာသူတွေကို စောင့်ကြည့်ခွင့် ပေးသင့်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။
ကြိုတင်မဲနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို မေ့ထားလိုက်ပြီး အခုလုပ်မယ့် ရွေးကောက်ပွဲကို သန့်ရှင်းမျှတအောင် လုပ်မယ်လို့ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်တွင်း သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။
No comments:
Post a Comment