တပ်မတော် သား များ အနေနဲ့ ပြည်သူ တွေရဲ့ ချစ်ခင် မှုကို ပြန်လည် ရရှိ အောင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်ကို မဲထည့်ဖို့  ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်း ပြောကြား လိုက်ပါ တယ်။ဒီနေ့ မနက်က နေပြည်တော် ၄ မြို့ နယ်ထဲက ပုဗ္ဗ သီရိ မြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် တရား ဟောစဉ် တိုက်တွန်း လိုက်တာ ဖြစ်ပါ တယ်။
ခရီး စဉ်မှာ ပါသွားတဲ့ ရန်ကုန် အခြေစိုက် သတင်း ထောက်တ ဦးက “တပ်မတော် သားတွေကို အဓိက မဲပေးဖို့ ပြောသွား တယ်။ တပ်မ တော် သားတွေ ကလည်း သူ့ ဖေဖေ ခေတ်တုန်းက ပြည်သူတွေ သိပ်ချစ်ကြတယ်။ ပြည်သူတွေရဲ့ ပြန်လည် ချစ်ခင်မှုကို ပြန်ရဖို့အတွက် တပ်မတော်သားတွေအနေနဲ့ အန်အယ်လ်ဒီကို မဲထည့်ဖို့အဓိက ပြောသွားတယ်။” လို့ပြောပါတယ်။
တပ်မတော်သားတွေကို ပြည်သူက ချစ်ဖို့ လိုသလို တပ်မတော်သားတွေကလည်း ပြည်သူကို အားကိုးဖို့၊ မြန်မာ့တပ်မတော်ဟာ နိုင်ငံရဲ့ အခြေခံဖြစ်ဖို့နဲ့ ပြည်သူတွေအပေါ်ကို စိုးမိုးချင်တဲ့ ဆန္ဒတွေမရှိဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
အဆိုတော် ဇေယျာသော် ယှဉ်ပြိုင် မယ့် ပုဗ္ဗသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ဝေဖန်သွားတယ်လို့ လိုက်ပါသွားတဲ့သတင်းထောက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ နေပြည်တော်တိုင်း အတွင်းက ပုဗ္ဗသီရိ နဲ့ ဥတ္တရသီရိ မြို့နယ်တွေမှာ မဲဆွယ် တ ရားဟောခဲ့ပြီး နေ့လည်ပိုင်းမှာ တောင်ငူ၊ အုတ်တွင်းနဲ့ ထန်းတပင်မြို့နယ်တွေမှာ ဆက်လက် တရားဟောမှာ ဖြစ်ပါတယ်။
No comments:
Post a Comment