သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာတွင် စွမ်းအင်ဦးစီးအရာရှိ ဦးမျိုးညွန့်အောင်က ၎င်း၏ တပည့် ဖြစ်သူ ဂက်စ် ပိုက် လိုင်း လျော်ကြေးရအောင် စီစဉ်ခဲ့သည့် လုပ်ရပ်အပေါ် ဒေသခံများမကျေမနပ် ဖြစ်နေကြောင်း သိရသည်။
အဆိုပါရွာရှိ ပလောင်အမျိုးသမီး ဒေါ်အန် ပိုင်ဆိုင်သည့် မြေကွက်အနီး မြေလွတ်တစ်ခု၏ ပိုင်ရှင်အမည်ကို စွမ်းအင် အရာ ရှိက ၄င်း၏ တပည့်အမည် ထည့်သွင်းကာ ဂက်စ်ပိုက်လိုင်းလျော်ကြေးရအောင် စီစဉ်ခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့က မြေကွက်များအတွက် လျော်ကြေးပေးရာတွင် ၄င်းကိစ္စကို ရွာသားများ သိရှိသွားပြီး မကျေမနပ် ဖြစ် နေကြောင်း ရွာ သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒေါ်အန်ပိုင်တဲ့ မြေကွက်နားမှာ မြေလွတ်တစ်ကွက်ရှိတယ်ပေါ့နော် အဲဒီမြေကို ဒေါ်အန်နံမယ်မထည့်ပဲနဲ့ စွမ်းအင် အရာရှိ က သူ့တပည့် ဦးသက်နိုင် နဲ့ ဇနီးဒေါ်နန်းနန်းခိုင်ရဲ့ နံမည်ထည့်လိုက်တယ် ဒီလ ၄ ရက်နေ့ လျော်ကြေးထုတ်တဲ့ အခါကျမှ သိရတယ် လျော်ကြေးက ၉ သိန်းရတယ် ဒီကိစ္စ ရွာသားတွေ မကျေနပ်ကြဘူး ” ဟု ဆိုသည်။
အဆိုပါ ဂက်စ်ပိုက်လိုင်း လျော်ကြေးကိစ္စတွင် အာဏာပိုင်များနှင့်နီးစပ်သူများကို ဦးစားပေးမှုများရှိပြီး သာမန်လယ် သမား များမှာ လျော် ကြေးငွေ အပြည့်အဝ မရရှိကြောင်း သိရသည်။
ဦးသက်နိုင်ဆိုသူမှာ စွမ်းအင်အရာရှိ ဦးမျိုးညွန့်အောင်နှင့် စစ်တပ်အတွင်းအတူနေခဲ့ဖူးပြီး ဦးမျိုးညွန့်အောင်၏ တပည့် တစ် ဦး ဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment