Wednesday, March 14, 2012

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး အငြင်းပွားရေပြင်ပိုင်နက် စီရင်ချက်ကို နားထောင်ရန် ဂျာမဏီသို့ထွက်ခွာ

နိရဉ္စရာ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မိုနီသည် ကုလသမဂ္ဂ ခုံရုံးမှ အငြင်းပွား ရေပြင်ပိုင်နက် စီရင်ချက်ကို နားထောင်ရန် ယနေ့ ဂျာ မဏီ နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ITLOS ဟု လူသိများသော ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းရေး ဆိုင်ရာ ဂျူရီခုံရုံးမှ တရား သူကြီး ၂၃ ဦးက မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား အငြင်းပွားနေသော ရေပြင်ပိုင်နက်အား မြန်မာက ပိုင်မည်လား၊ ဘင်္ဂလာဒေခ်ျ့က ပိုင်မည်လား ဆိုသည်ကို မတ်လ ၁၄ ရက်နေ့ ဂျာမဏီ စံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်တွင် ဂျာမဏီနိုင်ငံ ဟန်းဘက် ( Hamburg) ၌ စီရင် ချက် ချမှတ်မည် ဖြစ်သည်။

ဒီပူရ် မူနီနှင့် အတူ ဘင်္ဂလာဒေခ်ျ့ အရာရှိကြီးများလည်း အတူလိုက်ပါသွားကြောင်း သိရသည်။

ယခု ကုလမသဂ္ဂ ခုံရုံးမှ ဆုံးဖြတ်ချက်မည့် စီရင်ချက် နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့မှ နောက်ထပ် အသ နား ခံလွှာကို တရားရုံး တင်၍ မရတော့ကြောင်း သိရသည်။

စီရင်ချက်အား တရားသူကြီး Jose Luis Jesus မှဖတ်ကြားမည် ဖြစ်သည်။

No comments: