နေသွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်ရှိ တပ်နယ်ဖြစ်တဲ့ ကလောမြို့ကို ရောက်နေပြီး ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောတဲ့အခါ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြော ကြား လိုက်ပါ တယ်။
ဒေါ်အောင်ဆန်း စုကြည် က “(ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို) မပြောင်း လဲဘဲနဲ့ ဒီမို ကရေစီ အခြေခံ အဆောက် အဦက မခိုင်မြဲ နိုင်ပါဘူး။ ဒီလို ပြောင်းလဲတဲ့ အချက်ကို ပြောင်းလဲတဲ့ နေရာမှာ တပ်မတော် ကလည်း ပါဖို့ လိုတယ် ဆိုတာ အတိ အလင်း ပြောပါ ရစေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခိုင်မာမှ ကျမတို့ နိုင်ငံ ခိုင်မြဲ မှာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အေးအေး ချမ်းချမ်း တည်တည် ငြိမ်ငြိမ်နဲ့ ပြောင်းလဲ ဖို့ဆို တာ တပ်မ တော်ရဲ့ ပူးပေါင်း ပါဝင်မှု လိုအပ် တာမို့လို့ တပ်မတော် ကလည်း ကျမတို့ နဲ့အ တူတူ ဒီမို ကရေစီ ပန်းတိုင်ကို ချီတက်ချင် တယ်ဆို တာကို ပြခြင်း အားဖြင့် တပ်မ တော်သား အားလုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေး ကြပါ။”လို့မဲဆွယ် မိန့်ခွန်း ပြော ကြား ခဲ့ပါ တယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလက ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှု ရှိခဲ့တဲ့ အခြေအနေမျိုး အခုလည်း ဖြစ်စေချင် ပါတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးတဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူလူထုကို အကြောက်တရားကနေ အ ကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment