မင်းလွင်
မိုးပြာရောင် ဆရာ တော်လို့ လူသိ များတဲ့ ပစ္စုန် ပန်ကမ္မ ဝါဒ ဘုန်းကြီး ဦးဉာဏကို ကချင် ပြည်နယ် မြစ်ကြီး နားထောင်မှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ် ခံရ တာဟာ ဘာသာရေး လွတ်လပ်ခွင့် မရှိမှုနဲ့ လွတ်လပ် စွာ အသင်း အဖွဲ့ ဖွဲ့စည်းခွင့် မရှိဖြစ် နေတယ်လို့ အာရှ လူအခွင့် အရေးကော်မ ရှင်က ဒီနေ့မှာ ထုတ်ဖော် ပြောဆို ပါတယ်။
မိုးပြာရောင် ဦးဉာဏဟာ မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်က အနု ပါဒါ ယဉ်ကျေးမှု တရား ဌာနမှာ သီးတင်း သုံးနေ စဉ်မှာ ၂၀၁၀ ဖေဖော် ဝါရီ ၁၂ ရက် နေ့မှာ ဖမ်းဆီး ခံခဲ့ ရပြီး ဘာသာရေး ပုဒ်မ တွေနဲ့ တရားစွဲ ဆိုပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံထား ရတာပါ။
မိုးပြာရောင် ဦးဉာဏဟာ ပစ္စုပန် ကမ္မဝါဒ ဗုဒ္ဒ ဘာသာကို တည်ထောင် ခဲ့သူ ဖြစ်ပြီး ၁၉၈၃ ခုနှစ် ကတည်း ထေရဝါဒ ဗုဒ္ဓ ဘာသာကို စွန့်လွှတ် ထားသူ လည်း ဖြစ်ပါတယ်။ ပစ္စုပန် ကံမဝါဒ ဗုဒ္ဓ ဘာသာဟာ ထေရာ ဝါဒနဲ့ မတူတဲ့ သီးခြား ဗုဒ္ဓ ဘာသာ တခုဖြစ် တယ်လို့ မိုးပြာရောင် ဦးဉာဏ တပည့် သာဝါက တွေက ပြောပါ တယ်။
မိုးပြာရောင် ဦးဉာဏဟာ ၁၉၈၃ ကလည်း သာသနာတော်ကို ညှိုးနွှမ်းစေမှုနဲ့ အပြစ်ပေးခံပြီး နောက် တခါ ဒီအမှုနဲ့ပဲ ပြန်ပြီး တရားစွဲအပြစ်ပေးတာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်ပေးခံရတာဖြစ်လို့ တရားမျှတမှုမရှိဘူးလို့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းကလည်း ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က သူ့ကို ဘာသာရေး ယုံကြည်ချက် အကျဉ်းသားလို ဖြစ်နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့ဘာသာသူ လမ်းခွဲထွက်ပြီးတော့ အပြာဝတ်ပြီး ရပ်တည်နေတဲ့သဘောပေါ့။ သူ့အစီအစဉ်က တမျိုးပေါ့။ ကျနော် သူ့အစီအစဉ်ကို မပြောလိုဘူး။ ကျနော် ပြောတာက ဥပဒေ ဆိုင်ရာကိစ္စကို ပြောတာပါ။ ဥပဒေက ချပြီးသား အမှုတွေကို ထပ်ပြီးချတယ်ဗျာ။ ”
မိုးပြာရောင်ဂိုဏ်းဝင် ဦးဉာဏရဲ့ တပည့်သာဝကတွေကလည်း သမ္မတဦးသိန်းစိန်နဲ့ အမျိုးသား လူအခွင့်အရေးကော်မရှင်ဆီကို စာတင် အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။
No comments:
Post a Comment