Monday, March 19, 2012

အသိမ်းခံ လယ်မြေ ပြန်ရလိုသူ လယ်သမား ၂၆ ဦး တရားစွဲခံရ

ရခိုင်ပြည် နယ် ရသေ့တောင် မြို့နယ်မှ လယ်သ မား ၂၆ ဦးကို စစ်တပ်မှ သိမ်းယူထားသော ပုဇွန် တာများနှင့် လယ်မြေ များကို ပြန်လည် ရယူရန် ကြိုးပမ်း မူဖြင့် စစ်တပ် နောက်ခံ ပြု ထားသော စီးပွားရေး သမား တစ်ဦးက တရား စွဲဆို လိုက်ကြောင်း သတင်း ရရှိသည်။

တရားစွဲဆိုခံရသူ လယ်သမား ၂၆ ဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်း ဒေသတွင် တည်ရှိသော ပေါင်းစား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ကောင်းရီ ချောင်း ကျေးရွာ များမှ ဖြစ်ကြ သည်။

" ရွာသား ၂၆ ဦးကို တရားစွဲတာက အနောက် ပိုင်းတိုင်း စစ်ဌာ ချုပ်က ပုဇွန် ကန်တွေကို လေလံ ရရှိ ထားတဲ့ ဦးစော အောင်သိန်းက တ ရား စွဲတာဖြစ် ပါတယ်။ ဒီမို ကရေစီကို လိုလားတဲ့ အရပ်သား အစိုးရ တက်လာပြီ ဖြစ်တဲ့ အတွက် လယ်သမား တွေက သူတို့ဆီမှ စစ် တပ် က သိမ်း ယူသွားတဲ့ ပုဇွန်တာ တွေနဲ့ လယ်မြေ တွေကို ပြန်ပေးဖို့ တောင်းဆို သလို တစ်ဘက် မှာလည်း ကျိုးပေါက် နေတဲ့ လယ် မြေ တွေကို ပြန် လည် ပြုပြင် ဆည်ဖို့ရာကနေ ဦးစော သိန်းအောင်က သူဌား ရမ်းထားတဲ့ မြေတွေကို ဒီလို လုပ်ရ မလား ဆိုပြီး တရား စွဲဆို လိုက်တာ ဖြစ်ပါ တယ်" ဟု ပေါင်းစား ကျေးရွာမှ လယ်သ မားများ အကျိုး ဆောင်ရွက် နေသူ လူငယ် တစ်ဦးက ပြောသည်။

တရားစွဲဆိုပြီးနောက် လယ်သမား ၂၆ ဦးအား ရသေ့တောင်မြို့နယ် လောင်းချောင်း ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၎င်းနောက်ပိုင်း အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

" လယ်သမား ၂၆ ဦးကို မတ်လ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးတင်ပါတယ်။ တရားလိုပြ သက်သေ အဖြစ် ၁၆ ဦးကို စာရင်းမှာ ထည့်ထားပါတယ်။ အဲဒီနေ့မှာ တရားလို ဦးစောအောင်သိန်းနဲ့ အတူ တရားလိုပြ သက်သေ(၂)ဦး စုစုပေါင်း (၃)ဦးကို စစ် ဆေး ခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ ထပ်မံ စစ်ဆေးမှာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

မတ်လ ၉ ရက် ပထမနေ့ တရားရုံးတွင် စစ်ဆေးစဉ် လယ်သမား ၂၆ ဦးနှင့် အတူ တရားရုံးသို့ တက်ရောက် နားထောင်သူ ၅၀ ခန့်ကို ရဲက ကန့်သတ် တားမြစ်မူနှင့် ရှာဖွေမူများ ရှိခဲ့သည်ဟု သိရသည်။

တရားရုံးအနီးသို့ တက်ရောက်နားထောင်သူများကို နားထောင်ရာ နေရာမှ ကိုက် ၂၀ အကွာထိ ရဲက မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။

" ရဲအဖွဲ့က တက်ရောက်နားထောင်သူတွေကို မောင်းထုတ်သလို တရားခံဘက်ကနေ အခမဲ့ အမှု လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ လူငယ်(၂)ဦးရဲ့ တယ်လီဖုန်း တွေကိုလည်း ဥပဒေကြောင်း အရ တရားသူကြီးမှ ပိတ်ခိုင်းတဲ့ အပြင် ယာယီ သိမ်းဆည်းထားတာတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် တရားလို ဦးစောအောင်သိန်း ဖုန်းကိုတော့ ယာယီပိတ်ခိုင်းတာက လွဲပြီး သိမ်းဆည်းတာတွေ မပြုလုပ်ဘူး" ဟု ပြောသည်။

တရားလို ဦးစောအောင်သိန်းသည် ရသေ့တောင်မြို့ပေါ်မှ ချမ်းသာသူ စီးပွားရေး သမားတစ်ဦး ဖြစ်ပြီး အနောက်ပိုင်း စစ်ဌာနချုပ်မှ သိမ်း ထားသော ပုဇွန်ကန်နှင့် လယ်မြေများကို စစ်တပ်နှင့် ပူးပေါင်းကာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

"သူက အနောက်ပိုင်း စစ်ဌာနချုပ်ကို တနှစ် ကျပ် သိန်း ၆၀ သွင်းရပြီး သူနဲ့ ရင်းနှီးတဲ့ ပုဇွန်ကန်တွေ လုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက်ပေး တဲ့ စစ်ဗိုလ်တွေကိုတော့ လာဒ်ငွေ အဖြစ် သိန်း ၄၀ ခန့်ပေးရတယ်လို့ သိရပါတယ်။ သူက လယ်သမားတွေကို အဲဒီ ပုဇွန်တာ(ကန်)တွေနဲ့ လယ်တွေကို တနှစ်ကို ကျပ် သိန်း ၂၀၀၊ ၂၅၀ နဲ့ အဲသလိုမျိုး ဌားရမ်းပါတယ်။ အဲဒီပုဇွန်တာတွေက ဖမ်းဆီးရရှိတဲ့ ပုဇွန်တွေကိုလည်း သူကိုဘဲ ရောင်းရပါတယ်။ အပြင်မှာ ပုဇွန် တပိသာကို ကျပ် ၁၇၀၀၀ ဆိုရင် သူ့ကို ၁၆၀၀၀နဲ့ ရောင်းရပါတယ်။ စပါးတွေကိုလည်း သူ့ကိုဘဲ ပေးသွင်းရပါတယ်" ဟု အဆိုပါ ကျေးရွာသား လူငယ်က ပြောသည်။

ကျေးရွာသားများ ပိုင်ဆိုင်သော ပုဇွန်တာ(ကန်)များနှင့် လယ်မြေများမှာ စုစုပေါင်း ဧက ၁၈၀၀ ခန့်ရှိပြီး ၁၉၉၆ ခုနှစ်က အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းတွင် အဆိုပါ ပုဇွန်တာများနှင့် လယ်မြေများကို ပြန်ပေးရန် ရွာ သားများက အထက်သို့ စာရေး တောင်းဆိုခဲ့သော်လည်း အထက် အာဏာပိုင်များမှ တစ်စုံတစ်ရာ အကြောင်း မပြန်ကြားရာမှ လယ် မြေ များနှင့် ပုဇွန်တာများကို ပြန်လည် ပြုပြင်ရန် ဆည်ဖို့ရာမှ စစ်တပ် နောက်ခံ ပြုထားသော ဦးစောအောင်သိန်းမှ တရားစွဲဆိုခြင်း ဖြစ် သည်။

အဆိုပါ အမူနဲ့ ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေတစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။

" အမှန်က ဒီအမူမှာ ရွာသားတွေကို တရားစွဲဆိုရာမှာက အနောက်ပိုင်းတိုင်းက ဖြစ်ပါတယ်။ ဦးစောအောင်သိန်း မဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းက တရားစွဲရင် ကျော်မကောင်း ကြားမကောင်း ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် တိုင်းက သူရဲ့ (အလိုတော်ရိ လို့တော့ မပြောချင် ပါဘူး) လူယုံတော် ဦးစောအောင်သိန်းကို တရားစွဲခိုင်းတာ ဖြစ်ပါတယ်။ ဒီအမူရဲ့ နောက်ကွယ်က စစ်တပ် ပါနေတော့ တရားသူကြီးရော၊ တရားရေး ၀န်ထမ်းတွေကပါ တရားလိုဘက်ကို မျက်နာသာပေးတာကို တွေ့ရပါတယ်။ ရဲတွေလည်း ဒီအတိုင်းပါဘဲ။ ဒါကြောင့် အမူ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ မပြောနိုင်ပေမယ့် တရားလိုဘက်က အသာစီးရသွားနိုင်တဲ့ အခြေအနေမျိုးတော့ ရှိနေပါတယ်" ဟု ပြောသည်။

တရားစွဲခံရသူ ရွာသားများ အနေဖြင့် ပုဇွန်တာ (ကန်) များနှင့် လယ်မြေများကို မိဘ ဘိုးဘွား လက်ထက်ကတည်းက လက်ငုတ် လက် ရင်း အဖြစ် လုပ်ကိုင် စားသောက်လာကြသည်။ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်က သိမ်းယူသွားခဲ့သည့် ၁၉၉၆ ခုနှစ် အချိန်မှ စပြီး အ ဆိုပါ ကျေးရွာသားများမှာ အထူး ဆင်းရဲသွားခဲ့ကြပြီး ယခုအခါ ဘ၀ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

" အခုလို ဆင်းရဲရတဲ့ အထဲမှာ တရားပါ စွဲခံနေရတဲ့ အတွက် လယ်သမား ၂၆ ဦး အပါအ၀င် ရွာသား ၈၀ လောက်မှာ အထူး ဒုက္ခ ရောက် နေကြပါတယ်။ ရသေ့တောင် တရားရုံးကို စက်လှေတွေနဲ့ လာရောက် ရုံးတက်နေကြရတဲ့ အတွက် အလုပ်အကိုင်ပျက် ဖြစ်နေသလို ပိုက် ဆံလည်း ကုန်နေကြရပါတယ်။ သူတို့ဘ၀ လုံးဝကို ခိုကိုးရာမဲ့ အခြေအနေ ဖြစ်နေပါတယ်" ဒေသခံ လူငယ်က ပြောသည်။

မတ်လ ၁၉ ရက်နေ့ တနင်္လာနေ့တွင် အမူကို ပြန်လည် စစ်ဆေးရန် ရုံးချိန်းထပ်မံ ရှိသည်။ လယ်သမား ၂၆ ဦးကို တပြိုင်တည်း တရား စွဲဆိုသော အမူမျိုး ရသေ့တောင်မြို့နယ်တွင် အရင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ပြည်သူများက အဆိုပါ လယ်သမား အမူကို အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။

No comments: